Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ယူကရိန်းတပ်ဖွဲ့တွေ တောင်းဆိုထားတဲ့ M1 Abrams တင့်ကားအစီးရေ ၃၁ စီး ကူညီပံ့ပိုးပေးသွားမယ်လို့ အမေရိကန်အစိုးရ ပြော

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၂၆

အမေရိကန်အစိုးရဟာ ယူကရိန်းနိုင်ထံတိုက်ခိုက်ရေးသုံးတင့်ကားတွေဖြစ်တဲ့ M1 Abrams တင့်ကားတွေပေးဖို့ ငြင်းဆန်ခဲ့ပေမယ့် လက်ရှိအချိန်မှာ အဲဒီဆုံးဖြတ်ချက်ကိုပယ်ဖျက်ပြီး ယူကရိန်းကို M1 Abrams အမျိုးအစား တင့်ကားအစီးရေ ၃၁ စင်း ပေးပို့ကူညီသွားဖို့ ဆုံးဖြတ်ခဲ့ကြောင်း အမေရိကန်အစိုးရတာဝန်ရှိသူများ က ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

အမေရိကန်အစိုးရအဖွဲ့တာဝန်ရှိသူတစ်ဦးက "ယူကရိန်းနိုင်ငံဟာ သူတို့နိုင်ငံပိုင်နက်တွေကို ကာကွယ်နိုင်စွမ်း ကောင်းမွန်စေဖို့၊ တန်ပြန်ထိုးစစ်ဆင်နိုင်ဖို့ နဲ့ လုံခြုံရေး ပိုမိုကောင်းမွန်စေဖို့အတွက် M1 Abrams အမျိုးအစား တင့်ကားတွေကို တောင်းဆိုခဲ့ပါတယ်" လို့ပြောပါတယ်။ ယူကရိန်းအစိုးရဟာ ရုရှားတပ်ဖွဲ့များအပေါ် တန်ပြန်ထိုးစစ်ဆင်နိုင်အောင် ကြိုတင်ပြင်ဆင်ဖို့အတွက် အနောက် အုပ်စုနိုင်ငံများထံ တင့်ကားများ ပေးပို့ကူညီဖို့ တောင်းဆိုနေခဲ့တယ်လို့ သိရပါတယ်။ အမေရိကန်အစိုးရ တာဝန်ရှိသူတစ်ဦးက ၎င်းတို့ဟာ ယူကရိန်းထံတင့်ကားများ ပေးပို့နိုင်ရေးနဲ့ပတ်သက်ပြီး အထူးအစည်းအဝေး တစ်ရပ်ကို ကျင်းပခဲ့ကြောင်း ဆိုပါတယ်။ ယူကရိန်းက ၎င်းတို့ဟာ လက်ရှိအချိန်မှာ ရုရှားတပ်ဖွဲ့များသိမ်းပိုက်ထားတဲ့ပိုက်နက်များကို ပြန်လည်သိမ်းပိုက်ဖို့ လိုလားနေကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။

အမေရိကန်အစိုးရတာဝန်ရှိသူ နောက်ထပ်တစ်ဦးကလည်း M1 Abrams အမျိုးအစားတင့်ကားတွေဟာ ယူကရိန်းရဲ့စွမ်းရည်တွေကို ပိုမိုကောင်းမွန်အောင် ကူညီပေးနိုင်မှာဖြစ် ကြောင်း၊ ယူကရိန်းဟာ လက်ရှိအချိန်မှာ ၎င်းတို့ပိုက်နက်များကို ပြန်လည်သိမ်းပိုက်ဖို့ နဲ့ ကာကွယ်ဖို့ လုပ်ဆောင် နေဆဲဖြစ်တဲ့အတွက် တင့်ကားတွေက ယူကရိန်းတပ်ဖွဲ့တွေကို အထောက်အကူဖြစ်လာစေမှာဖြစ်တယ်လို့ ဆိုပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ယူကရိန်းကို M1 Abrams တင့်ကားများ ထပ်မံပေးပို့ဖို့ ဆုံးဖြတ်ခြင်းဟာ ရုရှား တပ်ဖွဲ့များအပေါ် ထိုးစစ်ဆင်ဖို့ ခြိမ်းခြောက်မှုတွေ လုပ်ဆောင်တာမျိုးမဟုတ်ကြောင်း ဆိုပါတယ်။

အမေရိကန်နိုင်ငံအနေနဲ့ အဆိုပါတင့်ကားများကို ယူကရိန်းလုံခြုံရေးကူညီထောက်ပံ့ပေးမှုအဖွဲ့ကတဆင့် (USAI) လာမယ့်သီတင်းပတ်များအတွင်း ပေးပို့ကူညီသွားဖွယ်ရှိနေတယ်လို့ သိရပါတယ်။ အမေရိကန်အစိုးရတာဝန်ရှိသူ တစ်ဦးက အမေရိကန်နိုင်ငံအနေနဲ့ လာမယ့်သီတင်းပတ်များ၊ လများအတွင်း စစ်မြေပြင်မှာ ယူကရိန်း တပ်ဖွဲ့များရဲ့ စွမ်းဆောင်ရည် ပိုမိုကောင်းမွန်စေဖို့အတွက် နောက်ထပ်သံချပ်ကာ၊ တင့်ကားများ ကူညီပေးမယ်လို့ မျှော်လင့်တယ် လို့ ဆိုပါတယ်။


Zawgyi Version;







Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ တစ်ရက် ၇ သန်းကျော်ရှိပြီး၊ တစ်ရက်ကို အနည်းဆုံး လူ ၄ဝဝဝ သေဆုံးနေ

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved