ဝက်စ်ဟမ်းအသင်းကို ရှုံးနိမ့်ခဲ့သော်လည်း ရာသီအစသာရှိသေးကြောင်းပြောဆိုကာ စိတ်ရှည်ပေးကြရန် ချဲလ်ဆီးနည်းပြ တောင်းဆို
Pika (NSS) - သြဂုတ် ၂၁
ချဲလ်ဆီးအသင်းသည် ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်(၂)ပွဲကစားပြီးချိန်တွင် လေးမှတ်ကျဆင်းခဲ့သော်လည်း လာမည့်ပွဲစဉ်များတွင် ပိုမိုခြေစွမ်းပြကစားလာနိုင်မည်ဟု ယုံကြည်ကြောင်း ချဲလ်ဆီးနည်းပြပိုချက်တီနိုက ပြောခဲ့သည်။
ချဲလ်ဆီးအသင်းသည် လီဗာပူးလ်အသင်းနှင့်ကစားခဲ့သည့်ပွဲတွင် (၁)ဂိုးစီ သရေကျခဲ့ပြီးနောက် ဩဂုတ်လ(၂ဝ)ရက် က ဝက်စ်ဟမ်းအသင်းနှင့်ကစာားခဲ့သည့်ပွဲတွင် (၃)ဂိုး (၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ ချဲလ်ဆီးနည်းပြ ပိုချက်တီနို က "ကျွန်တော်တို့ ဒီထက်ပိုကောင်းအောင်ကစားနိုင်လာမှာပါ။ အခြားအသင်းတွေက အပြင်းအထန်ကို ပြိုင်ဆိုင်ရ မယ့် အသင်းတစ်သင်းဖြစ်လာမှာပါ" ဟု ပြောခဲ့သည်။
ဝက်စ်ဟမ်းအသင်း နောက်တန်းကစားသမားNayef Aguerd သည် ပွဲချိန်(၇)မိနစ်တွင် အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့သော်လည်း ချဲလ်ဆီးအသင်းကွင်းလယ်ကစားသမား Carney Chukwuemeka သည် ပွဲချိန်(၂၈) မိနစ်တွင် ချေပဂိုး ပြန်လည်သွင်းယူပေးနိုင်ခဲ့ကြောင်း သိရသည်။ ထို့နောက် ဝက်စ်ဟမ်းအသင်းတိုက်စစ်မှူး မီချေးအန်တိုနီယိုသည် ပွဲချိန်(၅၃)မိနစ်တွင် တစ်ဂိုးထပ်မံသွင်းယူပေးနိုင်ခဲ့ပြီး Lucas Paquetá သည် နောက်ဆုံး မိနစ်တွင် ပင်နယ်တီကန်သွင်းကာ နောက်ထပ်တစ်ဂိုးထပ်မံသွင်းယူပေးနိုင်ခဲ့ကြောင်း သိရသည်။
ချဲလ်ဆီးကွင်းလယ်လူ အင်ဇိုဖာနန်ဒက်ဇ်သည် ပင်နယ်တီကန်ခွင့်ရခဲ့သော်လည်း ဂိုးသွင်းယူနိုင်ခဲ့ခြင်းမျိုး မရှိခဲ့ ကြောင်း သိရသည်။ ချဲလ်ဆီးနည်းပြပိုချက်တီနို က "ပင်နယ်တီလွဲချော်တာကိုတော့ စိတ်ပျက်မိပါတယ်။ ကျွန်တော်တို့ အကောင်းဆုံးကစားခဲ့ပါတယ်။ ကျွန်တော်တို့က ကစားပွဲကို ထိန်းချုပ်ကစားနိုင်ခဲ့ပေမယ့်လည်း ဂိုး သွင်းယူနိုင်တာမျိုးတော့မရှိခဲ့ပါဘူး။ ဒုတိယပိုင်းမှာတော့ ဝက်စ်ဟမ်းအသင်းဟာ တန်ပြန်တိုက်စစ်ဆင်မှုနဲ့အတူ အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။ ဒီလိုရှုံးနိမ့်တာကို စိတ်ပျက်မိပေမယ့်လည်း ခုမှ ရာသီအစပဲ ရှိပါသေး တယ်။ ကစားသမားအသစ်တွေဟာ ပြီးခဲ့တဲ့သီတင်းပတ်တွေကမှ ချဲလ်ဆီးအသင်းကို ရောက်ရှိလာခဲ့တာပါ။ သူတို့တွေ အခြေကျဖို့ကိုလည်း စောင့်ရဦးမှာပါ။လာမယ့်ပွဲတွေမှာ ဒီထက်ပိုပြီး ခြေစွမ်းပြကစားလာနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စတုထ္ထမဏ္ဏိုင် အမည်ရ မြန်မာ့သတင်းမီဒီယာလောကထဲက အရှုပ်အထွေးနဲ့ တွေးစရာများ (PK Show- ပထမပိုင်း)
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း