မြန်မာနိုင်ငံတွင် နည်းပညာ အပါအဝင် အခြေခံအဆောက်အအုံလိုအပ်ချက်များ၌ ရင်းနှီးမြှုပ်နှံရန် တရုတ်နိုင်ငံအား ဖိတ်ခေါ်
ယွန်း (NSS) - သြဂုတ် ၂၁
မြန်မာနိုင်ငံတွင် လိုအပ်နေသည့် နည်းပညာ အပါအဝင် အခြေခံအဆောက်အအုံများ၌ ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်ရန် တရုတ်နိုင်ငံအား ဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။
ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းက ပြီးခဲ့သည့် သြဂုတ်လ (၁၅) ရက်တွင် ယူနန်ပြည်နယ် အထွေထွေကုန်သည်ကြီးများအသင်း (Yunnan Provincial General Chamber of Commerce) ဥက္ကဋ္ဌ Dr. Gao Feng နှင့် တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ တွေ့ဆုံစဥ် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုသို့တွေ့ဆုံစဥ် အသေးစား၊ အငယ်စား နှင့် အလတ်စား စက်မှုလက်မှုလုပ်ငန်းအတွက် လိုအပ်သည့် နည်းပညာ၊ ကုန်ကြမ်းတင်သွင်းရန် စိတ်ဝင်စားသည့် လုပ်ငန်းရှင်များရှိပါက ကုန်ထုတ်လုပ်ငန်းများ လာရောက်ရင်းနှီးမြှုပ်နှံ၍ လုပ်ကိုင်နိုင်ကြောင်း ဦးအေးဝင်းက အသိပေးပြောကြားခဲ့သည်။
ထို့ပြင် တရုတ်နိုင်ငံသည် အဆင့်မြင့်နည်းပညာဖြင့် စွမ်းအင်ကဏ္ဍတွင် ကမ္ဘာ့ထိပ်တန်းနိုင်ငံတစ်ခုအဖြစ် ရပ်တည်နေသည့်အတွက် မြန်မာနိုင်ငံတွင် လိုအပ်လျက်ရှိသည့် နည်းပညာ၊ အခြေခံအဆောက်အအုံ လိုအပ်ချက်များတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ၎င်းက ဖိတ်ခေါ်ခဲ့သည်။
အလားတူ GACC တွင် မှတ်ပုံတင်ထားသည့် သစ်သီးများကို ခွင့်ပြုချက်အမြန်ရရှိရေးအတွက်လည်း ဥက္ကဋ္ဌ ဦးအေးဝင်းက တိုက်တွန်းပြောကြားခဲ့သည်။
ထို့ပြင် နှစ်နိုင်ငံစိုက်ပျိုးရေးထွက်ကုန် ကုန်သွယ်မှု ပိုမိုတိုးမြှင့်စေရေးနှင့် အသင်းချုပ်အနေဖြင့် တရားဝင်ပို့ကုန်ပစ္စည်းများအား နယ်စပ်ကုန်သွယ်ရေးစနစ်ဖြင့် ကုန်သွယ်မှုပြုရာတွင် ဘဏ်စနစ် ယွမ်-ကျပ်ဖြင့် ငွေပေးချေမှုစနစ် လွယ်ကူမြန်ဆန်ရေးကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။
အထက်ပါတွေဆုံဆွေးနွေးပွဲမှတဆင့် မြန်မာနိုင်ငံအတွက် နိုင်ငံတကာကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ အခြေခံအဆောက်အအုံများ ပြည့်စုံရေးအတွက် ကောင်းမွန်သည့် ခြေလှမ်းတစ်ခုဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌက အသိပေးပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စားအုန်းဆီဈေးနှုန်းများ ပြင်ပဈေးကွက်တွင် အခြေခံဈေးထက် ထက်ဝက်နီးပါးမြင့်တက်နေ
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း