နိုင်ငံခြားငွေရောင်းဝယ်ရေးလုပ်ကိုင်သည့်ဆိုင်ပိုင်ရှင်ကို ဓားဖြင့်ထိုးသတ်ကာ ငွေသားများလုယက်မှု မြဝတီမြို့၌ ဖြစ်ပွား
သန့်ဇင် (NP News) - ဩဂုတ် ၂၁
ကရင်ပြည်နယ်၊ မြဝတီမြို့၌ ထိုင်းဘတ် နှင့် မြန်မာငွေလဲလှယ်ရေးလုပ်ကိုင်သည့် ဆိုင်ပိုင်ရှင် အမျိုးသားအား ဓားဖြင့် ထိုးသတ်၍ ပိုက်ဆံများလုယက်ယူဆောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (ဩဂုတ်လ ၂၀ ရက်)၊ ည ၇နာရီအချိန်တွင် မြဝတီမြို့၊ ညဈေး ရွှေမတ်စတိုးရှေ့ရှိ ဘတ်လဲလှယ်ရေးဆိုင်တွင် ဖြစ်ပွားခဲ့ကြောင်း မွန်မြတ်ဖြူစင်လူမှုကူညီရေးအသင်းထံမှ သိရသည်။
"ဆိုင်သိမ်းမယ့်အချိန်မှာပေါ့။ ပိုက်ဆံလဲသိမ်းနေပြီလေ။ အဲဒီအချိန်မှာ ပိုက်ဆံထုတ်ကို လုပြီးလုပ်သွားတာ။ အုပ်စုဖွဲ့လုပ်တာလားတော့ ကျွန်တော်တို့လဲသေချာမသိပါဘူး"ဟု မွန်မြတ်ဖြူစင်လူမှု ကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
ဓားဖြင့် အထိုးခံရမှုကြောင့် ဘတ်လဲလှယ်ရေးဆိုင်ပိုင်ရှင် ကိုမျိုးမင်း(ခ)ကိုဆံရှည်တွင် ဓားဒဏ်ရာများရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
"ဓားနဲ့အထိုခံရတဲ့လူကတော့ ပွဲချင်းပြီးပဲဗျ။ တရားခံတွေကတော့ စုံစမ်းဆဲပဲပေါ့နော်"ဟု ၎င်းကဆက် လက်ပြောသည်။
လူသတ်လုယက်မှုကျူးလွန်သူအား သက်ဆိုင်ရာမှ စုံစမ်းနေဆဲဖြစ်ပြီး သေဆုံးသူ ကိုမျိုးမင်းအား မြဝတီမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ပြီးခဲ့သော ဩဂုတ်လ ၁၅ ရက်ကလည်း မြဝတီမြို့၌ တရားထိုင်နေသည့် အမျိုးသားအား အုတ်ခဲဖြင့်ထုသတ်၍ ဖုန်းနှင့်ပိုက်ဆံအိတ်လုယက်ယူဆောင်မှု ဖြစ်ပွားခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံတွင် နည်းပညာ အပါအဝင် အခြေခံအဆောက်အအုံလိုအပ်ချက်များ၌ ရင်းနှီးမြှုပ်နှံရန် တရုတ်နိုင်ငံအား ဖိတ်ခေါ်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း