နေအိမ်ဈေးဆိုင်အတွင်းရှိ လင်မယား(၂)ဦးအား ဒလန်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်ပြီး သေနတ်ဖြင့် ပစ်သတ်မှု မင်းလှမြို့တွင် ဖြစ်ပွား
NSS - ဩဂုတ် ၂ဝ
မကွေးတိုင်း၊ မင်းလှမြို့နယ်တွင် နေအိမ်ဈေးဆိုင်အတွင်းရှိ လင်မယား(၂)ဦးအား ဒလန်ဟုဆိုကာ PDF အဖွဲ့က ဖမ်းဆီးခေါ်ဆောင်ကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဩဂုတ်လ ၁၇ရက် မွန်းလွဲ ၁ နာရီအချိန်တွင် မင်းလှမြို့နယ်၊ ပျဉ်းကတိုးခင်းကျေးရွာ၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။
အထက်ပါကျေးရွာတွင်နေထိုင်သည့် သေဆုံးသူ လင်မယား(၂)ဦးသည် ၎င်းတို့၏ နေအိမ်ဈေးဆိုင်တွင် ရှိနေစဉ် PDF အဖွဲ့မှ ရောက်ရှိလာပြီး "ဒလန်များ" ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားကာ နေအိမ်၏ (၁)ဖာလုံခန့်အကွာ အရောက်၌ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။
ထိုသို့ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ပျဉ်းကတိုးကျေးရွာတွင်နေထိုင်သည့် ဦးအေးလွင်ဦး(၄ဝ)နှစ် နှင့် ၎င်း၏ ဇနီးဖြစ်သူ ဒေါ်စန်းစန်းဝင်းတို့တွင် ကျည်ထိမှန်ဒဏ်ရာများ အသီးသီးရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံး သွားခဲ့ကြောင်း သိရသည်။
အထက်ပါ လုပ်ကြံသတ်ဖြတ်မှုတွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေး အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းနိုင်ငံတွင် ဂျာမနီတပ်ဖွဲ့များကို ဘယ်တော့မှဖြန့်ကျက်ချထားပေးမည်မဟုတ်ကြောင်း ဂျာမန်အဓိပတိ ပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း