ယူကရိန်းနိုင်ငံတွင် ဂျာမနီတပ်ဖွဲ့များကို ဘယ်တော့မှဖြန့်ကျက်ချထားပေးမည်မဟုတ်ကြောင်း ဂျာမန်အဓိပတိ ပြော
Pika (NSS) - သြဂုတ် ၂ဝ
ဂျာမနီသည် ယူကရိန်းပဋိပက္ခတွင် တိုက်ရိုက်ပါဝင်ပတ်သက်မည်မဟုတ်သော်လည်း ယူကရိန်းကို စစ်လက်နက် ပစ္စည်းများ ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ဂျာမန်အဓိပတိ အိုလက်ဖ်ရှိုးလ်က ပြောကြားခဲ့သည်။
ဂျာမနီသည် ယူကရိန်းကို Taurus အမျိုးအစား တာဝေးပစ်ဒုံးကျည်များ ထောက်ပံ့ပေးသင့်သလားဆိုသည့်အချက် ကို ဆွေးနွေးမှုများရှိနေချိန်တွင် အိုလက်ဖ်ရှိုးလ်က ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။ ထို့အပြင် အိုလက်ဖ်ရှိုးလ်သည် ဂျာမနီအနေဖြင့် ယူကရိန်းပဋိပက္ခတွင် ပါဝင်ပတ်သက်ရန် စိတ်ကူးရှိ/မရှိဆိုသည့်အချက်ကို မေးမြန်းခံခဲ့ရကြောင်းလည်းသိရသည်။
၎င်းက "ဂျာမနီဟာ ယူကရိန်းပဋိပက္ခမှာ ပါဝင်ပတ်သက်မှာ မဟုတ်ပါဘူး။ ယူကရိန်းမှာ ဂျာမနီစစ်သားတွေ ဘယ်တော့မှ ဖြန့်ကျက်ချထားမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ယူကရိန်းကိုတော့ စစ်လက်နက်ပစ္စည်းတွေ ဆက်လက်ထောက်ပံ့ပေးသွားမှာပါ" ဟု ပြောခဲ့သည်။
ယူကရိန်းပဋိပက္ခနှင့်ပတ်သက်ပြီး ဆုံးဖြတ်ချက်တိုင်းကို သတိကြီးကြီးထားကာ မဟာမိတ်နိုင်ငံများနှင့် ညှိနှိုင်း ဆောင်ရွက်နေကြောင်း ၎င်းက ပြောကြားခဲ့သည်။ အနောက်အုပ်စုနိုင်ငံများသည် ယူကရိန်းပဋိပက္ခကို ရုရှားနှင့် နေတိုးကြားဖြစ်ပွားလာမည့် စစ်ပွဲအဖြစ်သို့ မပြောင်းလဲစေချင်ကြကြောင်း အိုလက်ဖ်ရှိုးလ်၏ အဆိုအရ သိရသည်။
ယူကရိန်းလွှတ်တော်အမတ် Egor Chernev က ၎င်း၏ ဂျာမနီလုပ်ဖော်ကိုင်ဖက်အများအပြားသည် ယူကရိန်းသို့ ကီလိုမီတာ(၅ဝဝ)ဝန်းကျင်ထိ ရောက်ရှိနိုင်သော Taurus အမျိုးအစား တာဝေးပစ်ဒုံးကျည်ကို ပေးပို့ရန် ထောက်ခံ အားပေးခဲ့ကြကြောင်း ယခုလအစောပိုင်းတွင် ပြောကြားခဲ့သည်။
Taurus အမျိုးအစား တာဝေးပစ်ဒုံးကျည်ပေးပို့မည့်ကိစ္စနှင့်ပတ်သက်ပြီး ဂျာမနီ၏နိုင်ငံရေးပါတီများကြားတွင် သဘောတူညီမှုမျာားရရှိထားပြီး ယူကရိန်းသည်တရားဝင်ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေကြောင်း Egor Chernev က ပြောကြားခဲ့သည်။ ယူကရိန်းသည် အဆိုပါဒုံးကျည်အမျိုးအစားကို ကူညီပေးပို့ရန် ပြီးခဲ့သည့်မေလနှောင်းပိုင်းက တည်းက ဂျာမနီကိုတောင်းဆိုခဲ့သော်လည်း အိုလက်ဖ်ရှိုးလ်နှင့် ဂျာမန်ကာကွယ်ရေးဝန်ကြီး Boris Pistorius အပါအဝင် အကြီးတန်းအရာရှိများက ငြင်းဆန်ပယ်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယူကရိန်း၏ တန်ပြန်ထိုးစစ်ဆင်မှုသည် တိုးတက်ပြောင်းလဲမှုများ မရှိသေးသော်လည်း နေတိုးအဖွဲ့ဝင်နိုင်ငံများ သည် ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ ဆက်လက်ထောက်ပံ့ပေးသွားမည်ဟု ကတိပြုထားကြောင်း သိရသည်။ ယူကရိန်းသို့ စစ်လက်နက်ပစ္စည်းများပေးပို့ခြင်းသည် ပဋိပက္ခကို ပိုမိုရှည်ကြာအောင်လုပ်ဆောင်နေ ခြင်းဖြစ်ပြီး ရုရှားနှင့်နေတိုးကြား တိုက်ရိုက်ပဋိပက္ခများဖြစ်ပွားလာနိုင်ကြောင်း အနောက်အုပ်စုနိုင်ငံများကို ရုရှားက သတိပေးပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သထုံမြို့၌ ကားတိုက်ခံရ၍ အမျိုးသားတစ်ဦး သေဆုံး
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း