စပါးအသင်းကိုရှုံးနိမ့်ခဲ့သည့်ပွဲတွင် အသင်းကစားသမားများအနေဖြင့် ဂိုးများ သွင်းယူနိုင်ခဲ့သင့်ကြောင်း မန်ယူ နည်းပြဝန်ခံ
Pika (NSS) - သြဂုတ် ၂ဝ
မန်ယူအသင်းသည် ဩဂုတ်လ(၁၉)ရက်က စပါးအသင်းကို (၂)ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည့် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ဂိုးများ သွင်းယူနိုင်ခဲ့သင့်ကြောင်း မန်ယူနည်းပြတန်ဟက်က ဝန်ခံခဲ့သည်။
စပါးအသင်းနှင့်ကစားခဲ့သည့်ပွဲတွင် မန်ယူအသင်းကစားများသည် ပထမပိုင်းတွင် အခွင့်အရေးများစွာကို ဖန်တီးနိုင် ခဲ့သလို အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့ကြောင်း မန်ယူနည်းပြတန်ဟက် က ပြောခဲ့သည်။
စပါးအသင်းကွင်းလယ်ကစားသမား Pape Matar Sarr သည် ပွဲချိန်(၄၉)မိနစ်တွင် အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီး မန်ယူအသင်း နောက်တန်းကစားသမား မာတီနက်ဇ်သည် ပွဲချိန်(၈၃)မိနစ်တွင် ကိုယ့်ဂိုးကိုယ် ပြန်သွင်းခဲ့ပြီးနောက် (၂)ဂိုး-ဂိုးမရှိဖြင့် စပါးအသင်းက အနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မန်ယူနည်းပြတန်ဟက် က "ကျွန်တော် ပထမပိုင်းကို သဘောကျမိပါတယ်။ ပထမပိုင်းမှာ ကျွန်တော်တို့ အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့ပြီး ဂိုးတွေ သွင်းယူနိုင်ခဲ့သင့်တာပါ။ စပါးကို ရှုံးနိမ့်ပေမယ့်လည်း အကောင်းဆုံး အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပြီး ပြိုင်ဖက်အသင်းကို အကောင်းဆုံး ဖိအားပေးကစားနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ တော့ စပါးအသင်းရဲ့ဖိအားပေးကစားမှုကို ကျွန်တော်တို့ ခံခဲ့ရပါတယ်။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ ခြေစွမ်းပြ မကစားနိုင်ခဲ့ပါဘူး။ မာတီနက်ဇ် ကိုယ့်ဂိုးကိုပြန်သွင်းလိုက်မိတဲ့ဂိုးက တကယ်တော့ မပေးသင့်တဲ့ ဂိုးတစ်ခုပါ" ဟု ပြောခဲ့သည်။
မန်ယူအသင်းသည် ဩဂုတ်လ(၂၆)ရက်တွင် နော်တင်ဟမ်ဖောရက်စ်အသင်းနှင့် ပရီးမီးလားလိဂ်ပြိုင်ပွဲကို အကြိတ်အနယ်ယှဉ်ပြိုင်ကစားရဦးမည်ဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဝန်ကြီးချုပ်ဟောင်းအင်မရန်ခန်း ပါတီ(PTI) ၏ ဒုဥက္ကဋ္ဌကို ပါကစ္စတန်ရဲတပ်ဖွဲ့ ဖမ်းဆီး
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း