ဘုရားကျောင်းတွင် ဆုတောင်းပွဲပြုလုပ်ပြီးနောက် ထိုင်းထီ ပထမဆုဘတ်(၆)သန်းကို ပေါက်ခဲ့သည့် ထိုင်းအမျိုးသမီး
Pika (NSS) - ဩဂုတ် ၁၉
ထိုင်းနိုင်ငံ ရနောင်းပြည်နယ်တွင် နေထိုင်သော ထီရောင်းသည့် အမျိုးသမီးတစ်ဦးသည် Wat Lao-ok ဘုရားကျောင်းတွင် ဆုတောင်းပွဲပြုလုပ်ပြီးနောက် ထိုင်းထီပထမဆု ဘတ်(၆)သန်းကို ပေါက်ခဲ့ကြောင်းသိရသည်။
အဆိုပါဆုတောာင်းပွဲပြီးနောက် အသက်(၆၁)နှစ်အရွယ် vendor Pensiri သည် ဩဂုတ်လ(၁၆)ရက်တွင်ဖွင့်လှစ်သည့် ထိုင်းထီဖွင့်ပွဲတွင် ထီနံပါတ်(၄၇၁၇၈၂)ဖြင့် ထိုင်းထီပထမဆုကို ပေါက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ထူးခြားသည့်အချက်မှာ အဆိုပါဆုတောင်းပွဲသို့လာရောက်ခဲ့သည့် အခြားသူများလည်း ထီပေါက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ဒုတိယဆုရရှိသူများနှင့် ထီ၏နောက်ဆုံးဂဏန်းသုံးလုံးတူ ပေါက်ခဲ့သည့်သူများကလည်း အဆိုပါဆုတောာင်းပွဲသို့တက်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။ Wat Lao-ok ဘုရားကျောင်းတွင် ရှိသော Toa Wessuwan နတ်သမီးရုပ်ထုနှစ်ခုအား ဂုဏ်ပြုရန်အတွက် ဘန်ကောက်မှ ရိုးရာအကအဖွဲ့ကိုငှားရမ်းကာ ဆုတောင်းပွဲကိုကျင်းပခဲ့ခြင်းဖြစ်ကြောင်း vendor Pensiri ကပြောကြားခဲ့သည်။
ဆုတောင်းပွဲများပြီးသည့်အချိန်တွင် ထီလက်မှတ်(၄၇၁၇၈၂)ကို လက်ထဲတွင် ကိုင်ဆောင်ထားရန် မသိစိတ်က တွန်းအားပေးနေခဲ့ကြောင်း ၎င်းကပြောကြားခဲ့သည်။ ရရှိခဲ့သော ဘတ်(၆)သန်းမှ တစ်ချို့ တစ်ဝက်ကို ဘုရားကျောင်း ပြုပြင်မွမ်းမံရန်အတွက် လှူဒါန်းသွားမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။
ဒုတိယဆုကိုပေါက်ခဲ့သော အသက်(၆၅)နှစ်အရွယ် Kritsakorn သည် ၎င်း၏အသက်(၅၈)နှစ်အရွယ် ညီမဖြစ်သူ Wunchan နှင့် ဘုရားကျောင်းသို့သွားရောက်လည်ပတ်ခဲ့သည့်အချိန်အတွင်း စိတ်ထဲတွင်ကံကောင်းခြင်းများကို ခံစားခဲ့ရကြောင်း ပြောဆိုခဲ့သည်။ Kritsakorn နှင့် Wunchan တို့သည် ဒုတိယဆုကိုပေါက်ခဲ့ပြီးနောက် ဘုရားကျောင်းသို့ပြန်လာကာ သစ်သီးဝလံများကို ကပ်ခဲ့ပြီး ဘုရားလာရောက်ဖူးသူများနှင့်ဘုရားဖူးဧည့်သည်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် နောက်ထပ်ရေချိုးခန်း(၁၀)ခန်းဆောက်လုပ်ရန် စီစဉ်ခဲ့ကြောင်းသိရသည်။
Toa Wessuwan နတ်သမီးနှစ်ပါး၏ တန်ခိုးကြီးသည့်အကြောင်းများ သတင်းပျံ့နှံ့လာသည့်အမျှ ဒေသခံပြည်သူများသည် ဆုတောင်းရန် ဘုရားကျောင်းသို့ စုပြုံလာရောက်ခဲ့ကြကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အပြောင်းအရွှေ့ဈေးကွက်မပိတ်ခင်ကာလအတွင်း ကစားသမားသစ်ခေါ်ယူမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မန်ယူနည်းပြပြော
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ