မြန်မာ- တရုတ် နှစ်နိုင်ငံယဥ်ကျေးမှု ပေါင်းစည်းရေးကို မြှင့်တင်ရန် တရုတ်နိုင်ငံဘက်က ဆန္ဒရှိနေ
ယွန်း (NSS) - သြဂုတ် ၁၈
မြန်မာ-တရုတ် နှစ်နိုင်ငံယဥ်ကျေးမှု ပေါင်းစည်းရေးနှင့် ပြည်သူချင်း စိတ်ချင်းဆက်နွယ်မှုကို မြှင့်တင်ရန် တရုတ်နိုင်ငံဘက်က ဆန္ဒရှိနေကြောင်း သိရသည်။
မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သံမှူး Ms. Cao Jing သည် ရန်ကုန်မြို့ရှိ အမျိုးသားစာကြည့်တိုက်သို့ သြဂုတ်လ(၁၇)ရက်က သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ အမျိုးသားစာကြည့်တိုက်နှင့် ကူးလူးဖလှယ်ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်၍ နှစ်နိုင်ငံယဉ်ကျေးမှု ပေါင်းစည်းမှုနှင့် ပြည်သူချင်း စိတ်ချင်းဆက်နွယ်မှုကို ပိုမိုမြှင့်တင်ရန် ဆန္ဒရှိကြောင်း Ms. Cao Jing က အသိပေးပြောကြားခဲ့သည်။
တရုတ်-မြန်မာနှစ်နိုင်ငံသည် တည်နေရာချင်းနီးကပ်ပြီး ပြည်သူချင်း ခင်မင်ရင်းနှီးကာ ယဉ်ကျေးမှုချင်း ဆက်နွယ်လျက်ရှိပြီး ယဉ်ကျေးမှု ကူးလူးဖလှယ်မှုများ ရှည်လျားသည့်သမိုင်းကြောင်းရှိကြောင်း Ms. Cao Jing ကပြောသည်။
ထို့ကြောင့် စာကြည့်တိုက်များ ပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံ လူမှုယဉ်ကျေးမှုကူးလူးဖလှယ်ရေး၏ အရေးပါသောအစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
မြန်မာနိုင်ငံ အမျိုးသားစာကြည့်တိုက်အနေဖြင့်လည်း တရုတ်သံရုံးနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့် ၍ နှစ်နိုင်ငံပြည်သူများအကြား အပြန်အလှန်နားလည်သိရှိမှုနှင့် ချစ်ခင်ရင်းနှီးမှုများကို မြှင့်တင်ရန် ဆန္ဒရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်တစ်ဒေါ်လာ ငွေကျပ်(၄ဝဝဝ)အထိ ရောက်ရှိလာ
RELATED POSTS
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
21 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
15 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ