တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများ ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များတွင် ဝင်ခွင့်လျှောက်ထားနိုင်ကြောင်း ဝန်ကြီးဌာန အသိပေး
ယွန်း (NSS) - သြဂုတ် ၁၈
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအား ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များတွင် ဝင်ခွင့်လျှောက်ထားရန် ကျန်းမာရေးဝန်ကြီးဌာန အသိပေးထုတ်ပြန်ထားသည်။
ကျန်းမာရေးဝန်ကြီးဌာနမှ သြဂုတ်လ(၁၇)ရက်တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဌာနအောက်ရှိ ဆေးတက္ကသိုလ်များ၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွယ်တက္ကသိုလ်တစ်ခုခုမှ ပထမဦးစားပေး လျှောက်ထားလိုသူများအနေဖြင့် တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေးအဖွဲ့မှ ထုတ်ပေးသည့် တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာစာအိတ်ဖြင့် လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
ဆေးဝါးတက္ကသိုလ်များ၊ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်များ၊ သူနာပြုတက္ကသိုလ်များနှင့် အခြေခံကျန်းမာရေးတက္ကသိုလ်သို့ ပထမဦးစားပေး လျှောက်ထားသူများသည် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာစာအိတ်ကို ပညာရေးဝန်ကြီးဌာနအောက်ရှိ လျှောက်လွှာတင်သွင်းရန် သတ်မှတ်ထားသည့်တက္ကသိုလ်(၂၆)ခုသို့ ပေးပို့လျှောက်ထားရန် ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့ပြင် ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များသို့ လျှောက်ထားသူများအနေဖြင့် ဝင်ခွင့်လျှောက်လွှာစာအိတ်ကို ဆေးတက္ကသိုလ်(၁) ရန်ကုန် အပါအဝင် လျှောက်လွှာလက်ခံမည့် နေရာ(၈)ခုအနက် တစ်ခုထံသို့ တိုက်ရိုက်ပေးပို့လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာစာအိတ်ကို သြဂုတ်လ(၂၅)ရက်မှ စက်တင်ဘာလ(၁၀)ရက်အထိ ရုံးပိတ်ရက်များ အပါအဝင် ပိတ်ရက်မရှိ လက်ခံသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မန္တလေး၌ ဆောက်လုပ်ရေးလုပ်ငန်းခွင်ရှိ မြေအောက်ရေကန်စလပ်ပြားများ ဖြုတ်ယူနေစဉ် အမျိုးသား (၂)ဦး ရေနစ်သေဆုံးမှုဖြစ်ပွား
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း