ထိုင်းဗိုလ်ချုပ်ကြီးဟောင်းပရာယွတ်ချန်အိုချာ ဦးဆောင်တဲ့ ထိုင်းအမျိုးသားပါတီက ဖြူထိုင်းပါတီဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့မှာ ပူးပေါင်း ပါဝင်
ဂျန်ဇက် (NSS) - သြဂုတ် ၁၈
ထိုင်းဗိုလ်ချုပ်ကြီးဟောင်း ပရာယွတ်ချန်အိုချာဦးဆောင်နေတဲ့ ညီညွတ်သော ထိုင်းအမျိုးသားပါတီဟာ ဖြူထိုင်းပါတီဦးဆောင်နေတဲ့ ညွန့်ပေါင်းမဟာမိတ်အဖွဲ့ထဲကို ပူးပေါင်းပါဝင်လိုက်ကြောင်း သတင်းထုတ်ပြန်လိုက်ပါတယ်။
ဖြူထိုင်းပါတီဟာ လာမယ့် သြဂုတ်လ ၂၂ ရက်မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ထိုင်းဝန်ကြီးချုပ်အသစ်ရွေးချယ်ပွဲမှာ ဝန်ကြီးချုပ်လောင်း အမည်စာရင်းတင်သွင်းခွင့်ရရှိထားတဲ့ ပါတီဖြစ်ရာ ညီညွတ်တဲ့ထိုင်းအမျိုးသားပါတီအနေနဲ့ ဖြူထိုင်းပါတီက အဆိုပြုတဲ့ ဝန်ကြီးချုပ်လောင်းကို အားပေးထောက်ခံသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ညီညွတ်သော ထိုင်းအမျိုးသားပါတီပြောရေးဆိုခွင့်ရှိသူ Akaradej Wongpitakroj က ဖြူထိုင်းပါတီဟာ ထိုင်းဘုရင်စနစ်ကို ဝေဖန်တိုက်ခိုက်နေသူများကို ပြစ်ဒဏ်ပေးမယ့်ဥပဒေကို ပြင်ဆင်ပြောင်းလဲဖို့ ကြိုးပမ်းနေမယ်ဆိုရင် ဖြူထိုင်းပါတီဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့မှာ ပူးပေါင်းပါဝင်မှာ မဟုတ်ဘူးလို့ ယခင်က ပြောဆိုခဲ့ဖူးပါတယ်။
လက်ရှိအချိန်မှာ ဖြူထိုင်းပါတီကလည်း ၎င်းတို့ ညွန့်ပေါင်းအဖွဲ့မှာ ထိုင်းဘုရင်စနစ်ကို ဝေဖန်တိုက်ခိုက်နေသူတွေ ကို ပြစ်ဒဏ်ပေးမယ့်ဥပဒေ ပြင်ဆင်ပြောင်းလဲဖို့ကြိုးပမ်းနေတဲ့ပါတီမျိုး ပါဝင်ခြင်းမရှိကြောင်း ပြန်လည် အကြောင်း ပြန်ကြားခဲ့ကြောင်း၊ အဲဒီအတွက်ကြောင့် ဖြူထိုင်းပါတီဦးဆောင်တဲ့ညွန့်ပေါင်းအဖွဲ့မှာ ပူးပေါင်း ပါဝင်တော့မှာဖြစ်ကြောင်း ညီညွတ်တဲ့ထိုင်းအမျိုးသားပါတီက ပြောပါတယ်။
ညီညွတ်တဲ့ ထိုင်းအမျိုးသားပါတီဟာ ဖြူထိုင်းပါတီဦးဆောင်မယ့် ညွန့်ပေါင်းအစိုးရအဖွဲ့မှာ ဝန်ကြီးနေရာ ၄ နေရာ ရယူဖွယ်ရှိနေကြောင်း သတင်းတွေကိုတော့ ပါတီပြောရေးဆိုခွင့်ရှိသူက ငြင်းဆန်ခဲ့ပါတယ်။ ညီညွတ်တဲ့ ထိုင်း အမျိုးသားပါတီဟာ မေလအတွင်းကျင်းပခဲ့တဲ့ထိုင်းရွေးကောက်ပွဲမှာ မဲအများဆုံးရရှိခဲ့တဲ့ ပါတီ ငါးခုထဲမှာ ပါဝင်နေတဲ့ ပါတီဖြစ်ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ် နှင့် အာဆီယံနိုင်ငံများအနေဖြင့် မြန်မာနိုင်ငံရှိ ကဏ္ဍများစွာတွင် ကုန်သွယ်မှုနှင့်ရင်းနှီးမြုပ်နှံမှု များတိုးချဲ့လုပ်ဆောင်ရန် စီးပွားကူးသန်းဝန်ကြီးဖိတ်ခေါ်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ