ပြည်ပနိုင်ငံများတွင်ရောက်ရှိနေသော ရုရှားနိုင်ငံသားများကို ပစ်မှတ်ထားစုံစမ်းနေခြင်းကို ရပ်တန့်စေလိုကြောင်း ရုရှားအစိုးရ တောင်းဆို
Pika (NSS) - သြဂုတ် ၁၇
အမေရိကန်နိုင်ငံသည် အခြားပြည်ပနိုင်ငံများတွင် ရှိသော ရုရှားနိုင်ငံသားများအား နှစ်ရှည်လများ ခြေရာခံကာ လိုက်လံစုံစမ်းနေခြင်းကို ရပ်တန့်ထားသင့်ကြောင်း အမေရိကန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး အန်နာတိုလေး အန်တိုနော့ဗ် က ပြောကြားခဲ့သည်။
ထို့အပြင် အမေရိကန်နိုင်ငံတွင် ဖမ်းဆီးခံထားရသော ရုရှားနိုင်ငံသားများ လွတ်မြောက်ရေးအတွက် ရုရှားအစိုးရက အကောင်းဆုံးလုပ်ဆောင်နေကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။ ရုရှားနိုင်ငံသည် အမေရိကန်နှင့် အကျဉ်းသားလဲလှယ်ရေးကိစ္စများ ညှိနှိုင်းရာတွင် စိတ်ဝင်စားမှုနည်းပါနေသည်ဟု ရေးသားထားသော Wall Street Journal အစီရင်ခံစာကို ရုရှားအစိုးရဖက်က ဆန့်ကျင်ကန့်ကွက်ခဲ့ကြောင်း သိရသည်။
အမေရိကန်အကျဉ်းထောင်မျာားတွင် ဖမ်းဆီးခံထားရသော ရုရှားနိုင်ငံသားများ အားလုံး အမြန်ဆုံးပြန်လွတ်စေရန် အတွက် အကောင်းဆုံးလုပ်ဆောင်နေပြီး အဆိုပါကိစ္စကို ဦးစားပေးဆောင်ရွက်နေကြောင်း အန်နာတိုလေး အန်တိုနော့ဗ်က ပြောကြားခဲ့သည်။
ထို့အပြင် အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ထင်ကြေးပေးမှုများကိုလည်း လက်ခံမည်မဟုတ်ကြောင်း ၎င်းက ထပ်မံ ပြောခဲ့သည်။ ၎င်း က "အခြားပြည်ပနိုင်ငံတွေမှာရှိတဲ့ ရုရှားနိုင်ငံသားတွေကို အမေရိကန်အမဲလိုက်နေတာကို ရုရှားဖက်က ဆန့်ကျင်ပါတယ်။ ဒီလိုတွေ ဆက်မလုပ်ဖို့လည်း အမေရိကန်ကို တောင်းဆိုထားပါတယ်။ ဒါပေမယ့် အမေရိကန်ဟာ သူ့ရဲ့မူဝါဒအတိုင်းဆက်လုပ်နေပြီး အခြားနိုင်ငံတွေရဲ့အကျိုးစီးပွားတွေကို လျစ်လျူရှုထားပါ တယ်။ ဒီလိုမူဝါဒတွေကို ရုရှားဖက်က ဘယ်တော့မှ သဘောတူမှာမဟုတ်ပါဘူး။ အမေရိကန်နိုင်ငံ အကျဉ်းထောင် တွေမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ရုရှားနိုင်ငံသားတွေရဲ့ ကံကြမ္မာက ကျွန်တော်တို့အတွက် အဓိကဦးစားပေး အလုပ်တစ်ခုပါပဲ။ ရုရှားနိုင်ငံသားတွေရဲ့ ကျန်းမာရေးနဲ့အခြေအနေတွေကို စောင့်ကြည့်ဖို့၊ လွှတ်ပေးဖို့ နဲ့ အာမခံချက်တွေပေးဖို့ အစွမ်းကုန်လုပ်ဆောင်နေပါတယ်" ဟု ပြောခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်သည် ၂ဝ၂ဝ ပြည့်နှစ်တွင် ရုရှားတရားရုံးက ထောင်ဒဏ်(၁၆) နှစ်ချမှတ်ခဲ့သော အမေရိကန်မရိန်းတပ်သားဟောင်း Paul Whelan နှင့် ဖုန်းပြောဆိုမှုများရှိခဲ့ကြောင်း မီဒီယာ အများအပြားက ဖော်ပြခဲ့ပြီးနောက် ရုရှားသံအမတ်က ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဖခင်ဖြစ်သူကို ညှင်းပန်းနှိပ်စက်ကာ သတ်ဖြတ်ခဲ့သည့် အမေရိကန်နိုင်ငံသားကို ကွပ်မျက်ခဲ့ကြောင်း ဆော်ဒီအာရေးဗျအစိုးရ ပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ