ပဲခူးတိုင်းအတွင်း မိုးရွာသွန်းမှုကြောင့် ပိတ်ထားခဲ့ရသည့် စာသင်ကျောင်းများကို ပိတ်ရက်များတွင် အစားထိုးသင်ကြားရန် စီစဉ်နေ
ယွန်း (NSS) - သြဂုတ် ၁၇
ပဲခူးတိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပိတ်ထားခဲ့ရသည့် စာသင်ကျောင်းများကို ပိတ်ရက်များတွင် အစားထိုးသင်ကြားရေး ဆောင်ရွက်ရန် တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြီးခဲ့သည့် သြဂုတ်လ(၁၅)ရက်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ကျင်းပခဲ့သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ် သည်။
ပြီးခဲ့သည့်ရက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ပဲခူးတိုင်းအတွင်းရှိ အနိမ့်ပိုင်းရပ်ကွက်များနှင့် ကျေးရွာများသို့ ရေများဝင်ရောက်နေပြီး ပဲခူးမြို့တွင်း ရန်ကုန်-မန္တလေးကားလမ်းမပေါ်သို့ ရေကျော်ရေလျှံမှုများဖြစ်ပေါ်ခဲ့သည်။
ထို့ကြောင့် ရေးဘေးသင့်ပြည်သူများအား သက်ဆိုင်ရာ ဘုန်ကြီးကျောင်းများနှင့် ခရစ်ယာန်ကျောင်းများတွင် ယာယီရေဘေးသင့်စခန်း (၁၃)ခုကို ဖွင့်လှစ်ထားရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ရေများကျဆင်းသွားပြီဖြစ်၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပိတ်ထားခဲ့ရသည့် စာသင် ကျောင်းများကို ပိတ်ရက်များတွင် အစားထိုးပြန်လည်သင်ကြားနိုင်ရေးကို ဆောင်ရွက်ရန် ပဲခူးတိုင်းဝန်ကြီးချုပ်က တိုက်တွန်းပြောကြားခဲ့သည်။
ထို့ပြင် ရေကြီးနစ်မြုပ်ခဲ့သည့် ရပ်ကွက်များ၊ ကျေးရွာများတွင်လည်း လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးကိုစစ်ဆေး၍ အမြန်ဆုံး လျှပ်စစ်ဓာတ်အားပြန်လည်ရရှိရေးကို ဆောင်ရွက်ပေးရန် ၎င်းက ပြောကြားထားသည်။
ရေကြီးမှုကြောင့် ပျက်စီးသွားသည့် လမ်း၊ တံတားများကို အမြန်ဆုံးပြန်လည်ပြင်ဆင်ပေးရန်လည်း လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
ပဲခူးတိုင်း၌ စိုက်ပျိုးရေး နှင့် မွေးမြူရေးကို အခြေခံသည့် စီးပွားရေးလုပ်ငန်း နှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်ရေး ဦးစားပေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လက်ဖက်များကို လက်ဖက်ဝိုင် အပါအဝင် တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် ဆန်းသစ်သည့်နည်းလမ်းများဖြင့် ထုတ်လုပ်ရန်လိုအပ်ဟုဆို
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း