Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရှမ်းနီသွေးစည်းညီညွတ်ရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်ခဲ့ဖူးသူတစ်ဦး အနီးကပ် ပစ်ခတ်သတ်ဖြတ်ခံရ
NP News - ဇန်နဝါရီ ၂၄
ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ(SSP)မှ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်ခဲ့ဖူးသူတစ်ဦး အနီးကပ် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့ (ဇန်နဝါရီလ ၂၄ ရက်)၊ နံနက် ၈ နာရီအချိန်ခန့်တွင် ကချင် ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နမ္မားမြို့၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အနီးကပ် ပစ်ခတ်သတ်ဖြတ်ခြင်းခံခဲ့ရသူမှာ အသက်(၆၃)နှစ်အရွယ်ရှိ ဦးတင်ညွန့် ဆိုသူဖြစ်ပြီး ပြီးခဲ့သော ၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲတွင် SSP ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူတစ်ဦးဖြစ်ကြောင်း သိရသည်။
“သူက နမ္မားမြို့မှာနေတယ်။ ဒီနေ့မနက် ၈ နာရီမှာ သူက လက်ဖက်ရည်ဆိုင်လေးမှာ ဝင်ထိုင်ဖို့ လုပ်နေတုန်း အနောက်ကနေ အသင့်စောင့်နေတဲ့လူက ပစ်သွားတာ။ ခေါင်းကို ပစ်သွားတာ။ အဲဒါနဲ့ပဲ ဆုံးသွားတယ်” ဟု မိုးညှင်းမြို့နယ်၌ နေထိုင်သည့် ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီမှ ဗဟိုကော်မတီဝင်တစ်ဦးက NP News ကိုပြောသည်။
ဦးတင်ညွန့်အား ဆိုင်ကယ်တစ်စီးဖြင့် အမျိုးသားနှစ်ဦးက လာရောက်လုပ်ကြံခဲ့ခြင်းဖြစ်ကြောင်း ပါတီဗဟိုကော်မတီဝင်က ဆက်လက်ပြောသည်။ “လာပြီးတော့ လုပ်သွားတာက နှစ်ယောက်ပေါ့။ တစ်ယောက်က ဆိုင်ကယ်နဲ့ စက်နှိုးထားတယ်။ 125 ဆိုင်ကယ်နဲ့။ နောက်တစ်ယောက်က အရန်အသင့် စောင့်နေတယ်။ အဲဒီလူက တစ်ခါတည်း ပစ်ပြီးတော့ ဆိုင်ကယ်နဲ့ထွက်သွားတာပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။ ဦးတင်ညွန့်သည် ပြီးခဲ့သော ၂ဝ၂ဝ ပြည့်နှစ်တွင် ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီ ညွတ်ရေးပါတီသို့ ဝင်ရောက်ခဲ့ကြောင်း သိရပြီး လက်ရှိတွင် မြေပြင်လူဦးရေစာရင်း ကွင်းဆင်းကောက်ယူမှုလုပ်ငန်းများတွင်လည်း ကူညီဆောင်ရွက်ပေးနေသူတစ်ဦး ကြောင်း အထက်ပါဗဟိုကော်မတီဝင်က ဆိုသည်။
“အခုလို လုပ်ကြံခံရတော့ မိသားစုနဲ့အတူ စိတ်တော့ မကောင်းဘူးပေါ့ဗျာ။ ပါတီအ နေနဲ့လည်း ဝမ်းနည်းတာပေါ့။ လုပ်ဖော်ကိုင်ဖက် ရဲဘော်ရဲဖက်တစ်ယောက် အခုလိုဖြစ်တာ စိတ်မကောင်းဘူး။ အဲဒီလိုပဲ မှတ်ချက်ပေးချင်ပါတယ်” ဟု ၎င်းက ဆို သည်။
zawgyi version
NP News - ဇန်နဝါရီ ၂၄
Comments :
0 comments
PREVIOUS
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Next
နိုင်ငံရေးပါတီများ မှတ်ပုံတင်ရာတွင် အခြေခံဥပဒေချိုးဖောက်သည့် ပါတီများ မဖြစ်ရန်လိုအပ်ဟု နစကအကြီးအကဲပြော
RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US
Copyright © News Services Station | All Right Reserved