ဝန်းထမ်းများ ဓာတ်လိုက်ခံရစဉ် ဝင်ရောက်ဆွဲကူသည့် တည်းခိုခန်းပိုင်ရှင်အမျိုးသမီးတစ်ဦး ဓာတ်လိုက် သေဆုံးမှု မန္တလေး၌ဖြစ်ပွား
သန့်ဇင် (NSS) - ဩဂုတ် ၁၆
မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်တွင် သန့်ရှင်းရေးလုပ်ရာမှ ဓာတ်လိုက်နေသည့် အလုပ်သမားများကို ဝင်ဆွဲသည့် တည်းခိုခန်းပိုင်ရှင်အမျိုးသမီး ဓာတ်လိုက်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ဓာတ်လိုက်မှုသည် ယနေ့ (ဩဂုတ်လ ၁၆ ရက်)၊ နံနက် ၁၀နာရီ ၂၁မိနစ်အချိန်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ ၆၈လမ်း၊ ၁၃၉ လမ်းထောင့်(ဈ)ရပ်ကွက်ရှိ RC(၃)ထပ် အဆောက်ဦးတွင်ဖြစ်ပွားခဲ့ ကြောင်း လောကပါလ အရံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
"အဲဒါက တည်းခိုခန်းဗျ။ ပထမထပ်မှာ အလုပ်သမား(၃)ယောက်က သန့်ရှင်းရေးတက်လုပ်တာ။ သေဆုံးတဲ့ ပိုင်ရှင်အမျိုးသမီးက သူတို့ဓာတ်လိုက်နေတော့သွားကယ်ရင်းနဲ့ သူကဓာတ်လိုက်ပြီး ဆုံးသွားတာပေါ့" ဟု လောကပါလ အရံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါဖြစ်စဉ်မှ ဓါတ်လိုက်သေဆုံးသူအမျိုးသမီးသည် အသက်(၅၀)ဝန်းကျင်အရွယ်ဖြစ်ပြီး ဓါတ်လိုက်မှု ဖြစ်ပွားစဉ် အခင်းဖြစ်ပွားရာနေရာ၌သေဆုံးသွားခဲ့ကြောင်း သိရသည်။
၎င်းဖြစ်စဉ်မှ အမျိုးသား(၂)ဦးနှင့် အမျိုးသမီး(၁)ဦးတို့သည် စိုးရိမ်ဖွယ်ဒဏ်ရာများ ရရှိခဲ့ခြင်းမရှိ ကြောင်းလည်း ၎င်းကဆက်လက်ပြောသည်။
အထက်ပါဖြစ်စဉ်မှ သေဆုံးအမျိုးသမီးနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား လောကပါလလူမှုကူညီရေးအသင်းမှ မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သံရုံးအမည်ဖြင့် ဖေဘုတ်အကောင့်တုများကို အသုံးပြုကာ လိမ်လည်အမြတ်ထုတ်နေသူများအားဖော်ထုတ်အရေးယူမည်ဟု မလေးရှားရှိ မြန်မာသံရုံးအသိပေး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း