(၃)ရက်နီးပါး ပျောက်ဆုံးနေသည့် (၄)နှစ်အရွယ်ကလေးငယ်အား ရေမြောင်းထဲတွင် သေဆုံးလျက် ပြန်လည်တွေ့ရှိ
စော(NSS) - ဩဂုတ် ၁၆
မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်တွင် သုံးရက်နီးပါးပျောက်ဆုံးနေသည့် လေးနှစ်အရွယ် ကလေးငယ်အား ရေမြောင်းထဲ၌ သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။
ကလေးငယ်အား ယနေ့(ဩဂုတ်လ ၁၆ရက်)၊ နံနက် (၆)နာရီခွဲဝန်းကျင်အချိန်တွင် ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်၊ ၁၁၄လမ်းx၅၉လမ်းထောင့်တွင် အထက်ပါကဲ့သို့ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မြရည်နန္ဒာလူမှုကူညီရေးအသင်းထံမှ သိရသည်။
“ မှောက်ရက်လေး ရေထဲမှာ မျောပါလာတာပါ။ ကျွန်တော်တို့ကြည့်တာကတော့ ကလေးရဲ့ကိုယ်ပေါ်မှာတော့ ဒဏ်ရာမရှိဘူး။ ဒါပေမယ့် အလောင်းကပုပ်ပွနေပြီဆိုတော့လေ ရင်ခွဲရုံမှာတော့ ဘယ်လိုအဖြေထွက်မလဲမသိဘူး”ဟု မြရည်နန္ဒာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါကလေးငယ်သည် ပြီးခဲ့သည့် (ဩဂုတ်လ ၁၃ရက်)၊ ညနေပိုင်းတွင် ပျောက်ဆုံးနေခဲ့ခြင်းဖြစ်ပြီး ကလေးပျောက်ဆုံးမှုကို အထက်ပါအသင်းသို့အကြောင်းကြားထားကြောင်း သိရသည်။
“ကလေးရဲ့မိသားစုက ရုံးကိုလာပြီးအကူအညီလာတောင်းတာကတော့ (၁၃)ရက်နေ့ ညနေပိုင်းလောက်က ကလေးကပျောက်သွားတယ်ဆိုပြီး ပြောပြတာပါ။ ဘာကြောင့် ပျောက်သွားတာလဲတော့ မသိလိုက်ဘူး”ဟု ၎င်းကဆက်လက်ပြောကြားထားသည်။
ရေနစ်သေဆုံးနေသောကလေးငယ်သည် မောင်အီလီရပ်(ခ)ကျော်မျိုးထွေး (၄)နှစ်ဖြစ်ပြီး ကန်သာယာရပ်ကွက်၊ လမ်း(၆၀)တွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ကလေးငယ်၏ရုပ်အလောင်းအား မန္တလေးပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဝန်းထမ်းများ ဓာတ်လိုက်ခံရစဉ် ဝင်ရောက်ဆွဲကူသည့် တည်းခိုခန်းပိုင်ရှင်အမျိုးသမီးတစ်ဦး ဓာတ်လိုက် သေဆုံးမှု မန္တလေး၌ဖြစ်ပွား
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း