အာဆီယံဥက္ကဋ္ဌရာထူးကို မြန်မာက စွန့်လွှတ်ပြီး ၂ဝ၂၇ ခုနှစ်မှ တာဝန်ယူမည်
Htay Oung (NSS) - သြဂုတ် ၁၆
ပြည်တွင်းအခြေအနေနဲ့ ကြိုတင်ပြင်ဆင်ဖို့ လိုအပ်ချက်အတွက် လာမယ့် ၂ဝ၂၆ ခုနှစ် အာဆီယံဥက္ကဋ္ဌ တာဝန်ကို မြန်မာက စွန့်လွှတ်ပြီး ၂ဝ၂၇ ခုနှစ်ရောက်မှ ရယူဖို့ရှိကြောင်း သံတမန်သတင်းရင်းမြစ်များထံမှ သိရှိရတယ်လို့ Thai PBS Worlds က ယမန်နေ့က ရေးသားဖော်ပြခဲ့ပါတယ်။
အာဆီယံပဋိညာဉ် အပိုဒ် ၃၁ အရ အဖွဲ့၀င် တစ်နိုင်ငံစီ တစ်နှစ်ကြာ အလှည့်ကျပြောင်းလဲတာဝန်ယူခဲ့ကြတဲ့ အာဆီယံဥက္ကဋ္ဌမှာ လက်ရှိ အင်ဒိုနီးရှားဖြစ်ပြါတယ်။ လာမယ့် ၂ဝ၂၄ ခုနှစ်မှာ လောနိုင်ငံ၊ ၂ဝ၂၅ ခုနှစ် မလေးရှားနဲ့ ၂ဝ၂၆ ခုနှစ် မြန်မာတို့ဖြစ်ပါတယ်။ မြန်မာအစား ဖိလစ်ပိုင်က တာဝန်ယူပြီး နောက်တစ်နှစ် ၂ဝ၂၇ ခုနှစ်ရောက်မှ မြန်မာက ဆက်လက်ထမ်းဆောင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
လောလောဆယ် နေပြည်တော်ရဲ့ပြုမူဆောင်ရွက်မှုများဟာ နိုင်ငံအတွင်း လက်ရှိနဲ့ အနာဂတ်ကာလ မရေရာ မသေချာမှုများကို ညွှန်ပြပါတယ်။ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ နစကအစိုးရက အာဏာရယူခဲ့ပါတယ်။ အဲဒီ အချိန်မှစပြီး နေပြည်တော်အနေနဲ့ နိုင်ငံရေး၊ စီးပွားရေး-လူမှုရေးပြဿနာများစွာတို့ကို ရင်ဆိုင်ခဲ့ရပါတယ်။ အရေးကြီးဆုံးကတော့ နစကဟာ PDFs (ခေါ်) ပြည်သူ့ကာကွယ်ရေးတပ်၊ EAOs တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနဲ့ထောင်ချီတဲ့ ပြည်သူ့စစ်များ အပါအဝင် တိုးပွားလာနေတဲ့ တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်ဖို့ လိုအပ် နေပါတယ်။
အရေးပေါ်အခြေအနေကြေညာမှုကို ပြီးခဲ့တဲ့သီတင်းပတ်မှာ နစကက နောက်ထပ် ခြောက်လ သက်တမ်းတိုးခဲ့ပါ တယ်။ ယခင်စီစဉ်ထားတဲ့ သြဂုတ်လ ရွေးကောက်ပွဲကို ပုံသေ အချိန်ဇယားမရှိဘဲ ရွှေ့ဆိုင်းခဲ့ပါတယ်။ တချိန် တည်းမှာပဲ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ရဲ့ထောင်ဒဏ် ၃၃ နှစ်မှ ခြောက်နှစ်ကို လျှော့ပေါ့ပေးလိုက်ပါ တယ်။ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ ၁၉ မှုအနက် ၅ မှုမှာ လွတ်ငြိမ်းချမ်းသာခွင့် ရရှိခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ ဖွဲစည်းပုံအခြေခံဥပဒေမူကြမ်းရေးဆွဲပြီး ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်နေခိုက် နိုင်ငံအတွင်း ပြဿနာများကြောင့် ၂ဝဝ၆ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌရာထူးကို ကျော်လွှားသွားခဲ့ဖူးပါတယ်။
အာဆီယံပဋိညာဉ်စာတမ်းမှာ အဖွဲ့ဝင်နိုင်ငံများရဲ့အင်္ဂလိပ်ဘာသာအမည်များရဲ့အက္ခရာစဉ်အလိုက် အာဆီယံ ဥက္ကဋ္ဌအဖြစ် တာ၀န်ထမ်းဆောင်ဖို့ နှစ်စဉ်အလှည့်ကျသတ်မှတ်ပေးရပါတယ်။ မူအရ ၂ဝ၁၁ ခုနှစ်မှာ ဗီယက်နမ်ထံ မှ ဥက္ကဋ္ဌအဖြစ် ဆက်ခံရမယ့်သူက ဘရူနိုင်းဒါရုဆလမ် ဖြစ်ပါတယ်။ အဲဒီနောက် အင်ဒိုနီးရှားက ကမ္ဘောဒီးယားထံမှ ၂ဝ၁၃ ခုနှစ်မှာ လွှဲပြောင်းရယူဖို့ရှိနေပါတယ်။ ဒါပေမယ့် ၂ဝ၁၃ ခုနှစ်ဟာ အာရှပစိဖိတ် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခိုက် တင်းကျပ်တဲ့အချိန်ဇယားများကြောင့် ဘရူနိုင်းနဲ့ အလဲအလှယ်လုပ်ပြီး ၂ဝ၁၁ ခုနှစ်မှာ ဥက္ကဋ္ဌ တာဝန်ယူဖို့ ဂျကာတာက တောင်းဆိုခဲ့ဖူးပါတယ်။
ဒီအတွက် ၂ဝ၁ဝ ခုနှစ် ဧပြီလ ဟနွိုင်းမြို့မှာ ကျင်းပတဲ့ ၁၆ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး ၂ဝ၁၁ ခုနှစ်အတွက် ဥက္ကဋ္ဌ အဖြစ် ဘရူနိုင်းနဲ့ လဲလှယ်ခွင့်အတွက် အင်ဒိုနီးရှားရဲ့တောင်းဆိုမှုကို အာဆီယံအဖွဲ့ဝင်များက ခွင့်ပြုခဲ့ကြပါတယ်။
အလှည့်ကျသဘာပတိသည် အာဆီယံထိပ်သီးအစည်းအဝေး၊ ဆက်စပ်ထိပ်သီးအစည်းအဝေးများ၊ အာဆီယံ ညှိနှိုင်း ရေးကောင်စီ၊ အာဆီယံအသိုက်အဝန်း ကောင်စီသုံးရပ်၊ သက်ဆိုင်ရာအာဆီယံကဏ္ဍဆိုင်ရာဝန်ကြီးအဖွဲ့များ၊ အကြီးတန်းအရာရှိများ၊ အမြဲတမ်းကိုယ်စားလှယ်များကော်မတီတို့နဲ့ ပူးပေါင်းတာဝန်ယူဆောင်ရွက်ရပါတယ်။
#အာဆီယံအလှည့်ကျ_ဥက္ကဌ #မြန်မာ #လော #မလေးရှား #အင်ဒိုနီးရှား #ဘရူနိုင်း
(Thai PBS World., 15 August 2023,” Myanmar to skip Asean chair of 2026” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သမ္မတဘိုင်ဒင်အား သတ်မည်ခြိမ်းခြောက်၍ အေးဂျင့်များကို သေနတ်နှင့်ချိန်ဟု ၎င်းတို့ပစ်သတ်ခဲ့သည့် စစ်ပြန်အဖိုးအိုအပေါ် FBI စွပ်စွဲ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ