ဒိုက်ဦးမြို့နယ်ရှိ နေအိမ်ခြံဝန်းအတွင်း စိုက်ထူထားသည့် Mytel တာဝါတိုင်ကို KNU နှင့် PDF ပူးပေါင်းအဖွဲ့က မိုင်းထောင်ဖျက်ဆီးဟုဆို
NSS - ဩဂုတ် ၁၆
ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်ရှိ နေအိမ်ခြံဝန်းအတွင်း စိုက်ထူထားသည့် Mytel ဆက်သွယ်ရေးတာဝါတိုင်ကို KNU နှင့် PDF ပူးပေါင်းအဖွဲ့က လက်လုပ်မိုင်းတစ်လုံးဖြင့် မိုင်းထောင်ဖောက်ခွဲခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ်လ ၁၃ ရက်၊ နံနက် ၃နာရီခွဲချိန်တွင် ဒိုက်ဦးမြို့နယ်၊ ဝါးဂါမဏိကျေးရွာ၊ ရွာလမ်းနေ ဦးဇော်ဝင်း(၅၀)နှစ်၏ နေအိမ်ခြံဝန်းအတွင်းစိုက်ထူထားသည့် MYTEL ဆက်သွယ်ရေးတာဝါတိုင်၌ ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
အထက်ပါနေအိမ်ခြံဝန်းအတွင်းစိုက်ထူထားသည့် MYTEL ဆက်သွယ်ရေးတာဝါတိုင်အား KNU နှင့် PDF ပူးပေါင်းအဖွဲ့က လက်လုပ်မိုင်းတစ်လုံးဖြင့် မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုကြောင့် တာဝါတိုင်တွင် တပ်ဆင်အသုံးပြုလျက်ရှိသည့် မီးစက်တစ် လုံး၊ ဘက်ထရီအိုး(၄)လုံး စုစုပေါင်း ခန့်မှန်း ငွေကျပ်သိန်း(၂၀၀)ခန့် ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်းသိရသည်။
သို့သော်လည်း ဆက်သွယ်ရေးလိုင်းများ ပြက်တောက်မှုမရှိကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
ထို့ကြောင့် မိုင်းထောင်ဖောက်ခွဲမှုတွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဝေဖန်မှုများ မြင့်တက်ခဲ့သော မာရဝိဇယဗုဒ္ဓရုပ်ပွားတော် ဘုရားဖူးဝင်ကြေးနှုန်းထားများကို နစက ပြန်လည်ပြင်ဆင်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း