ခြေစွမ်းအသာဖြင့် ကစားနိုင်ခဲ့သော်လည်း လီဗာပူးလ်အသင်းနှင့်သရေကျခဲ့ခြင်းကို စိတ်ပျက်မိကြောင်း ချဲလ်ဆီးနည်းပြသစ် ထုတ်ဖော်ပြော
Pika (NSS) - သြဂုတ် ၁၄
ချဲလ်ဆီးအသင်းသည် ဩဂုတ်လ(၁၃)ရက်က လီဗာပူးလ်အသင်းနှင့်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် အနိုင်သုံးမှတ်ကို ရယူနိုင်ခဲ့သင့်ကြောင်း ရလဒ်သည် မျှတမှုမရှိကြောင်း ထင်မြင်မိသည်ဟု ချဲလ်ဆီးအသင်းနည်းပြ ပိုချက်တီနိုက ထုတ်ဖော်ပြောခဲ့သည်။
ဩဂုတ်လ(၁၃)ရက်က ချဲလ်ဆီးအသင်းနှင့် လီဗာပူးအသင်းတို့ ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်သည် (၁)ဂိုးစီ ဖြင့် သရေကျခဲ့ပြီးနောက် ချဲလ်ဆီးနည်းပြပိုချက်တီနိုက ယခုကဲ့သို့ ဝန်ခံပြောခဲ့ခြင်းဖြစ်သည်။ လီဗာပူးလ်အသင်း တောင်ပံကစားသမား လူးဝစ်ဒီယက်ဇ်သည် အသင်းအတွက် အဖွင့်ဂိုးကို ပွဲချိန် (၁၈)မိနစ်တွင် သွင်းယူပေးနိုင်ခဲ့ပြီး ချဲလ်ဆီးအသင်းနောက်တန်းကစားသမား Axel Disasi သည် ပွဲချိန်(၃၇)မိနစ်တွင် ချေပဂိုးပြန်လည်သွင်းယူနိုင်ခဲ့ပြီး နောက် (၁)ဂိုးစီ သရေကျခဲ့ခြင်းဖြစ်သည်။
ချဲလ်ဆီးနည်းပြပိုချက်တီနို က "ဒီပွဲရဲ့ရလဒ်က တရားမျှတမှုရှိတယ်လို့ ကျွန်တော်မထင်ပါဘူး။ ကျွန်တော်တို့က အနိုင်ရရှိဖို့ ထိုက်တန်တယ်လို့ ထင်ပါတယ်။ လီဗာပူးလ်နဲ့ပွဲကို ကျွန်တော်တို့ အနိုင်ရချင်ခဲ့တာပါ၊၊ အနိုင်ရဖို့ ထိုက်တန်ခဲ့ပေမယ့် သရေကျခဲ့တဲ့အတွက် စိတ်ပျက်မိပါတယ်။ ဒါပေမယ့်လည်း ခုမှ ရာသီအစပဲရှိပါသေးတယ်" ဟု ပြောခဲ့သည်။
ပိုချက်တီနိုသည် ယခင်နည်းပြဟောင်းပေါ်တာ နှင့် ဖရန့်လမ်းပတ်တို့ တာဝန်ယူခဲ့ချိန်များထက် ပိုမိုကောင်းမွန် အောင် လုပ်ဆောင်သွားမည်ဟု ကတိပြုခဲ့ကြောင်း သိရသည်။ ချဲလ်ဆီးအသင်းသည် ဩဂုတ်လ(၂ဝ)ရက်တွင် ဝက်စ်ဟမ်းအသင်း နှင့် ပရီးမီးယားလိဂ်ပွဲစဉ်ကို အကြိတ်အနယ်ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဦးရည်မွန်ပြောတဲ့ လမ်းအားလုံး နေပြည်တော်သို့ကို လိုက်နာပေးတဲ့ ပြည်သူတွေ၊ ကား လောကထဲကထွက်လာတဲ့ ညွှန်ကြားစာအတု၊ အကြမ်းဖက်ကိုအားပေးမိရင် အဖမ်းခံရမယ် (၁၄-၈-၂ဝ၂၃)
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း