ထိုင်းဝန်ကြီးချုပ်အသစ်ရွေးချယ်ပွဲမှာ အိမ်ခြံမြေသူဋ္ဌေးကြီး ဆာရက်သာတာဗီဆင်ကို ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းမယ်လို့ ဖြူထိုင်းပါတီ ပြော
ဂျန်ဇက် (NSS) - သြဂုတ် ၁၄
ဖြူထိုင်းပါတီဟာ လာမယ့် ဝန်ကြီးချုပ်အသစ်ရွေးချယ်ပွဲမှာ ပါတီခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဆာရက်သာ တာဗီဆင်ကို ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းသွားဖွယ်ရှိနေရာ ဝန်ကြီးချုပ်ဖြစ်ဖို့ လိုအပ်တဲ့ ထောက်ခံမဲအားလုံးရရှိမယ်လို့ မျှော်လင့်ထားကြောင်း ဖြူထိုင်းပါတီတာဝန်ရှိသူတစ်ဦး က ပြောပါတယ်။
ထိုင်းအိမ်ခြံမြေ သူဋ္ဌေးကြီးဖြစ်တဲ့ ဆာရက်သာဟာ ဝန်ကြီးချုပ်အသစ်ရွေးချယ်ဖို့ လွှတ်တော်နှစ်ရပ် ပူးပေါင်းကျင်း ပမယ့်အစည်းအဝေးကို ကိုယ်တိုင်တက်ရောက်မှာ မဟုတ်ကြောင်း ဖြူထိုင်းပါတီ အတွင်းရေးမှူးဖြစ်တဲ့ Prasert Chanthararuangthong က ထပ်မံပြောဆိုထားပါတယ်။
ပါတီရဲ့ခေါင်းဆောင်တွေဟာ ဆာရက်သာကို ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းဖို့ သဘောတူညီ ထားကြောင်း ၎င်းက ထပ်မံပြောထားပါတယ်။ ပါတီကို ဦးဆောင်တည်ထောင်သူတစ်ဦးဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ သမီးဖြစ်ပြီး ဖြူထိုင်းပါတီရဲ့ဝန်ကြီးချုပ်လောင်းသုံးဦးထဲမှာ ပါဝင်နေတဲ့ ပီတွန်တန်ရှင်နာဝါထရာကို ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းမယ်ဆိုတဲ့သတင်းတွေက မှန်ကန်မှုမရှိကြောင်း ဖြူထိုင်းပါတီ အတွင်းရေးမှူးက ပြောပါတယ်။
ဖြူထိုင်းပါတီအတွင်းရေးမှူးက "အောက်လွှတ်တော်ရှိ ကိုယ်စားလှယ်အများစုဟာ ဖြူထိုင်းပါတီ က အမည်စာရင်းတင်သွင်းတဲ့ဝန်ကြီးချုပ်လောင်းကို အားပေးထောက်ခံသွားမှာပါ။ ကျွန်တော်တို့ပါတီဟာ အောက်လွှတ်တော်မှာ ကိုယ်စားလှယ်ဦးရေ အနည်းဆုံး ၂၇ဝ ရဲ့ ထောက်ခံမှုတွေရရှိမှာပါ။ အထက်လွှတ်တော် ကိုယ်စားလှယ်တွေကိုလည်း ထောက်ခံမဲပေးဖို့ တောင်းဆိုသွားရမယ်။ ကျွန်တော်အမြင်တော့ ထိုင်းအထက် လွှတ်တော်ကိုယ်စားလှယ်တွေဟာ ဖြူထိုင်းပါတီရဲ့ဝန်ကြီးချုပ်လောင်းကို အားပေးထောက်ခံမယ်လို့ မျှော်လင့်ပါတယ်" လို့ ပြောပါတယ်။
ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ဝန်ကြီးချုပ်အဖြစ်ရွေးချယ်ခံရဖို့ လွှတ်တော်နှစ်ရပ်ပေါင်းရဲ့ထောက်ခံမဲ အနည်းဆုံး ၃၇၅ မဲရရှိဖို့ လိုအပ်နေကြောင်း သိရပါတယ်။ ထိုင်း ဝန်ကြီးချုပ်အသစ်ရွေးချယ်နိုင်ဖို့ လွှတ်တော်နှစ်ရပ်ပေါင်း ကျင်းပမယ့်အစည်းအဝေးကို လာမယ့် သြဂုတ် ၁၈ ရက် ဒါမှမဟုတ် သြဂုတ် ၂၂ ရက်တို့မှာ ကျင်းပဖွယ်ရှိနေကြောင်း အောက်လွှတ်တော်ဥက္ကဋ္ဌက ပြောထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ သြဂုတ် ၁၄ ရက်နေ့အတွင်းဖြစ်ပွားခဲ့သော ပြည်တွင်းနှင့် ပြည်ပက စိတ်ဝင်စားဖွယ်သတင်းများ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ