လားရှိုးမြို့၌ လူလတ်ပိုင်းအမျိုးသားတစ်ဦး ဓားဖြင့်အခုတ်ခံရမှုဖြစ်ပွား
စော (NSS) - ဩဂုတ် ၁၄
ရှမ်းပြည်နယ်၊ လားရှိုးမြို့တွင် ဓားဖြင့်ခုတ်ခံရမှုကြောင့် အသက်(၃၀)အရွယ် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါအမျိုးသားကို ယမန်နေ့(ဩဂုတ်လ ၁၃ရက်)၊ ည (၇)နာရီဝန်းကျင်အချိန်တွင် လားရှိုးမြို့၊ ရပ်ကွက်(၁၂)၊ လားရှိုးဈေးလမ်း၌ အထက်ပါကဲ့သို့တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဓားခုတ်ခံရမှုကြောင့် ၎င်းအမျိုးသား၌ ဦးခေါင်းတွင် ပြတ်ရှဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေမရှိကြောင်း သိရသည်။
“ဘာကြောင့်အခုတ်ခံရလည်းတော့ မသိဘူး။ ဦးခေါင်းနဲ့ မျက်နှာမှာတော့ ဒဏ်ရာရသွားတယ်။ ဒဏ်ရာကတော့နည်းနည်းများတယ်။ ကြီးလည်းကြီးတယ်။ သွေးထွက်လည်းများတယ်။ အသက်အန္တရာယ်တော့မရှိနိုင်ဘူး”ဟု လားရှိုးလူငယ်များလူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
ထိခိုက်ဒဏ်ရာရရှိသူသည် ကိုရဲလင်းနိုင်(၃၀)နှစ်ဖြစ်ပြီး မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ခွေးမြှုပ်ရွာတွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ၎င်းအားဆေးကုသရန် လားရှိုးပြည်သူ့ဆေးရုံကြီးရှိ ခွဲစိတ်ကုသဆောင်သို့ ပို့ဆောင်းထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လင်မယားချင်းစကားများရန်ဖြစ်ပြီးနောက် အမျိုးသားဖြစ်သူကြိုးဆွဲချအဆုံးစီရင်မှု ပြည်မြို့တွင်ဖြစ်ပွား
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း