လင်မယားချင်းစကားများရန်ဖြစ်ပြီးနောက် အမျိုးသားဖြစ်သူကြိုးဆွဲချအဆုံးစီရင်မှု ပြည်မြို့တွင်ဖြစ်ပွား
သန့်ဇင် (NSS) - ဩဂုတ် ၁၄
ပဲခူးတိုင်း(အနောက်ပိုင်း)၊ ပြည်မြို့တွင် လင်မယားချင်းစကားများရန်ဖြစ်ပြီးနောက် အမျိုးသားဖြစ်သူမှ မိမိကိုယ်ကို ကြိုးဆွဲချအဆုံးစီရင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (ဩဂုတ်လ ၁၄ ရက်)၊ မွန်းလွဲ ၂နာရီအချိန်တွင် ပြည်မြို့၊ စက်မှုကွက်သစ်၊ ကြံတောစုရပ်ကွက်ရှိ နေအိမ်အတွင်း၌ ကြိုးဆွဲချအဆုံးစီရင်သွားခဲ့ကြောင်း ခေတ္တရာလူမှုကူညီရေးအသင်းထံမှ သိရသည်။
"ပတ်ဝန်းကျင်ကပြောတာတော့ လင်မယားနှစ်ယောက်စကားများပြီး မနက်ကတည်းက အိမ်က ထွက်သွားတယ်လို့ ပြောတယ်ဗျ။ နောက်တော့မှ သူကြိုးဆွဲချတဲ့ အိမ်ကအခန်းထဲမှာတွေ့တာပါ။ လူမနေတဲ့အိမ်ကြီးရဲ့ အခန်းထဲမှာ သူ့ကိုယ်သူ ဓာတ်ကြိုးနဲ့ကြိုးဆွဲချပြီး သတ်သေသွားပုံရတယ်"ဟု ခေတ္တရာလူမှု ကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
ကြိုးဆွဲချအဆုံးစီရင်သူသည် ကြံတောရပ်ကွက်တွင်နေထိုင်သည့် အသက်(၂၅)နှစ်ဝန်းကျင်ရှိ အမျိုးသားတစ်ဦးဖြစ်ကြောင်း သိရသည်။
သေဆုံးသွားသည့် အမျိုးသားအား ခေတ္တရာလူမှုကူညီရေးအသင်းမှ ပြည်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မုံရွာမြို့၌ ကိုယ်ဝန်ဆောင်သည်အမျိုးသမီး ဓါးပြတိုက်သတ်ဖြတ်ခံရပြီးနောက်ပိုင်း ဓါးပြတိုက်မှုဖြစ်စဉ်များ ဆက်လက်ဖြစ်ပွားနေ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း