ဖားကန့်မြို့နယ်ရှိ မြေစာပုံပြိုကျမှုဖြစ်စဥ်တွင် ပျောက်ဆုံးနေသူများအနက်မှ (၁၀)ဦးကို ပြန်လည်တွေ့ရှိထားဟု ကချင်ပြည်နယ် အစိုးရအဖွဲ့ပြော
NSS - သြဂုတ် ၁၄
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ မြေစာပုံပြိုကျမှုဖြစ်စဥ်တွင် ပျောက်ဆုံးနေသူများအနက်မှ (၁၀)ဦးကို ပြန်လည်တွေ့ရှိထားကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။
ဖြစ်စဥ်မှာ သြဂုတ်လ(၁၃)ရက်၊ ညနေ(၃)နာရီအချိန်ခန့်တွင် ဖားကန့်မြို့နယ်၊ မနကျေးရွာအနီးရှိ ကျောက်စိမ်းတူးလုပ်ကွက်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ကွက်အတွင်း ကျောက်ကျင်းကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ရာ ကျောက်တူးနေသူ အများအပြား ပျောက်ဆုံးခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ပျောက်ဆုံးနေသူများအနက်မှ (၁၀)ဦးကို ပြန်လည်တွေ့ရှိထားကြောင်းသိရပြီး ကျန်ရှိသည့် ပျောက်ဆုံးနေသူများကိုလည်း ဆက်လက်ရှာဖွေနေကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
“(၃၀)လောက်ဆိုတာကတော့ အရပ်သတင်းပေါ့။ တချို့လည်း (၄၀)လောက်လို့ပြောနေတာတွေရှိတယ်။ လောလောဆယ်မြေပြင်မှာ စာရင်းကောက်လို့ရတာကတော့ (၁၀) ယောက်ပတ်ဝန်းကျင်ပဲရှိပါတယ်။ အဲဒီ (၁၀)ယောက်လုံးကိုလည်း ကုစရာရှိတဲ့သူကို ကုပေးနေပါတယ်။ ထောက်ပံ့စရာရှိတဲ့သူတွေကိုလည်း ထောက်ပံ့နေပါတယ်။ အစားအသောက်တို့၊ ပိုက်ဆံတို့၊ အသုံးအဆောင်ပစ္စည်းတို့၊ နေစရာတွေရော ပြီးတော့ နောက်ထပ်ရှိနိုင်တဲ့သူတွေကိုလည်း ဆက်ရှာနေပါတယ်။ သေဆုံးတာကတော့ ရှိတယ်လို့တော့ ကြားတယ်။ မြေပြင်စာရင်းတွေအရတွေ့တဲ့ (၁၀)ယောက်ထဲမှာ သေတဲ့သူလည်းပါနိုင်တယ်”ဟု ကချင် ပြည်နယ်အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ၊ လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက NSS ကိုပြောသည်။
တွေ့ရှိထားသူများအနက်မှ အသက်ရှင်ကျန်ရစ်နေသူများကို ဆေးကုသမှုများနှင့် ကူညီထောက်ပံ့မှုများ ဆက်လက်ဆောင်ရွက်နေပြီး အဆိုပါတွေ့ရှိထားသူများတွင် သေဆုံးသူများလည်း ပါဝင်နေကြောင်း သိရသည်။
သို့သော် လတ်တလော လူမှုကွန်ရက်စာမျက်နှာများ၌ အဆိုပါဖြစ်စဥ်ကြောင့် ပျောက်ဆုံးနေသူ (၃၀) ထက်မနည်းရှိနေကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အိန္ဒိယလေတပ်က ရုရှားနိုင်ငံထုတ် MiG-29 တိုက်လေယာဉ်တွေကို နိုင်ငံမြောက်ပိုင်းလုံခြုံရေးပိုမိုကောင်းမွန်စေဖို့ ဖြန့်ကြတ်ချထား
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း