ဆိုမာလီယာနိုင်ငံ မိုဂါဒစ်ရှူးမှာ ဗုံးခွဲတိုက်ခိုက်မှုအတွင်း အနည်းဆုံး လူငါးဦး သေဆုံး
ရောင်နီ (NP News) - ဇန်နဝါရီ ၂၃
ဆိုမာလီယာနိုင်ငံ မြို့တော် မိုဂါဒစ်ရှူးရှိ အစိုးရ အဆောက်အအုံတစ်ခုကို အယ်လ်ရှာဘတ် လက်နက်ကိုင်အဖွဲ့မှ ဗုံးခွဲတိုက်ခိုက်ခဲ့ပြီးနောက် အနည်းဆုံး အရပ်သားငါးဦး သေဆုံးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ပြောကြားပါတယ်။
တနင်္ဂနွေနေ့ (ဇန်နဝါရီလ ၂၂ ရက်)က တိုက်ခိုက်သူတွေဟာ မိုဂါဒစ်ရှူးမြို့တော်ဝန် ရုံးမှာ လုံခြုံရေးတပ်ဖွဲ့ဝင်များနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကြောင်း ဝန်ကြီး ဌာနက ပြောကြားပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်များဟာ လက်နက်ကိုင် အဖွဲ့ဝင်(၆) ဦးကို သတ်ဖြတ်နိုင်ခဲ့ပြီး ညနေ (၆) နာရီခန့်မှာ နယ်မြေရှင်းလင်းခဲ့ကြောင်း ၎င်းရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
သမ္မတရှီခ်မိုဟာမတ်ရဲ့ အစိုးရဟာ ဩဂုတ်လမှာ အယ်လ်ကေးဒါးနဲ့ ဆက်နွယ်နေတဲ့ အဖွဲ့ကို ထိုးစစ်ဆင်ခဲ့ရာမှ အယ်လ်ရှာဘတ်မှ တိုက်ခိုက်မှုများအရှိန်မြှင့်ခဲ့ပါတယ်။ တိုက်ခိုက်မှုကြောင့် လူ(၁၆)ဦး ဒဏ်ရာရခဲ့ကြောင်း Aamin Ambulance Services မှ ဒါရိုက်တာ အက်ဒီကာဒါ အက်ဒီရက်ဟ်မန် က ပြောကြားပါတယ်။ မြို့တော်ဝန်ရုံးဟာ မိုဂါဒစ်ရှူးရဲ့ အစောင့်အကြပ်ရှိတဲ့ ဒေသရှိ အစိုးရဌာနချုပ် အ ဆောက်အအုံမှာ တည်ရှိပါတယ်။ အယ်လ်ရှာဘတ်က ၎င်းရဲ့ဗုံးကြဲလေယာဉ်များဟာ အဆောက်အအုံအစောင့်များကို ပစ်ခတ်ပြီးနောက် ခြေလျင်တိုက်ခိုက်ရေးသမားများက အဆောက်အအုံအတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း ၎င်းရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
၂ဝဝ၆ ခုနှစ်ကတည်းက အစိုးရကို တော်လှန်တိုက်ခိုက်ခဲ့ပြီး အစ္စလာမ့်ဥပဒေကို အဓိပ္ပာယ်ဖွင့်ဆိုရန်ကြိုးပမ်းနေတဲ့ လက်နက်ကိုင်အဖွဲ့ဟာ နိုင်ငံအနှံ့ မကြာခဏ ဗုံးဖောက်ခွဲမှုများနဲ့ သေနတ်ပစ်ဖောက်မှုများ ပြုလုပ်လျက်ရှိပါတယ်။
zawgyi version
ဆိုမာလီယာႏိုင္ငံ မိုဂါဒစ္ရႉးမွာ ဗုံးခြဲတိုက္ခိုက္မႈအတြင္း အနည္းဆုံး လူငါးဦး ေသဆုံး
ေရာင္နီ (NP News) - ဇန္နဝါရီ ၂၃
ဆိုမာလီယာႏိုင္ငံ ၿမိဳ႕ေတာ္ မိုဂါဒစ္ရႉးရွိ အစိုးရ အေဆာက္အအုံတစ္ခုကို အယ္လ္ရွာဘတ္ လက္နက္ကိုင္အဖြဲ႕မွ ဗုံးခြဲတိုက္ခိုက္ခဲ့ၿပီးေနာက္ အနည္းဆုံး အရပ္သားငါးဦး ေသဆုံးခဲ့ေၾကာင္း ျပန္ၾကားေရးဝန္ႀကီးဌာနက ေျပာၾကားပါတယ္။
တနဂၤေႏြေန႔ (ဇန္နဝါရီလ ၂၂ ရက္)က တိုက္ခိုက္သူေတြဟာ မိုဂါဒစ္ရႉးၿမိဳ႕ေတာ္ဝန္ ႐ုံးမွာ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားနဲ႔ ပစ္ခတ္တိုက္ခိုက္မႈေတြ ျပဳလုပ္ခဲ့ေၾကာင္း ဝန္ႀကီး ဌာနက ေျပာၾကားပါတယ္။ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားဟာ လက္နက္ကိုင္ အဖြဲ႕ဝင္(၆) ဦးကို သတ္ျဖတ္ႏိုင္ခဲ့ၿပီး ညေန (၆) နာရီခန႔္မွာ နယ္ေျမရွင္းလင္းခဲ့ေၾကာင္း ၎ရဲ႕ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာမွာ ေဖာ္ျပထားပါတယ္။
သမၼတရွီခ္မိုဟာမတ္ရဲ႕ အစိုးရဟာ ဩဂုတ္လမွာ အယ္လ္ေကးဒါးနဲ႔ ဆက္ႏြယ္ေနတဲ့ အဖြဲ႕ကို ထိုးစစ္ဆင္ခဲ့ရာမွ အယ္လ္ရွာဘတ္မွ တိုက္ခိုက္မႈမ်ားအရွိန္ျမႇင့္ခဲ့ပါတယ္။ တိုက္ခိုက္မႈေၾကာင့္ လူ(၁၆)ဦး ဒဏ္ရာရခဲ့ေၾကာင္း Aamin Ambulance Services မွ ဒါ႐ိုက္တာ အက္ဒီကာဒါ အက္ဒီရက္ဟ္မန္ က ေျပာၾကားပါတယ္။ ၿမိဳ႕ေတာ္ဝန္႐ုံးဟာ မိုဂါဒစ္ရႉးရဲ႕ အေစာင့္အၾကပ္ရွိတဲ့ ေဒသရွိ အစိုးရဌာနခ်ဳပ္ အ ေဆာက္အအုံမွာ တည္ရွိပါတယ္။ အယ္လ္ရွာဘတ္က ၎ရဲ႕ဗုံးႀကဲေလယာဥ္မ်ားဟာ အေဆာက္အအုံအေစာင့္မ်ားကို ပစ္ခတ္ၿပီးေနာက္ ေျခလ်င္တိုက္ခိုက္ေရးသမားမ်ားက အေဆာက္အအုံအတြင္းသို႔ ဝင္ေရာက္ခဲ့ေၾကာင္း ၄င္းရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။
၂ဝဝ၆ ခုႏွစ္ကတည္းက အစိုးရကို ေတာ္လွန္တိုက္ခိုက္ခဲ့ၿပီး အစၥလာမ့္ဥပေဒကို အဓိပၸာယ္ဖြင့္ဆိုရန္ႀကိဳးပမ္းေနတဲ့ လက္နက္ကိုင္အဖြဲ႕ဟာ ႏိုင္ငံအႏွံ႔ မၾကာခဏ ဗုံးေဖာက္ခြဲမႈမ်ားနဲ႔ ေသနတ္ပစ္ေဖာက္မႈမ်ား ျပဳလုပ္လ်က္ရွိပါတယ္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘဏ်မဟုတ်သည့် ငွေရေးကြေးရေးအဖွဲ့အစည်း ကုမ္ပဏီတစ်ခု၏ Money Changer လိုင်စင်အား ဗဟိုဘဏ် ပြန်လည်ရုပ်သိမ်း
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ