မြန်မာ-ရုရှား တိုက်ရိုက်လေကြောင်းခရီးစဉ်ကို စက်တင်ဘာလ ၅ ရက်တွင် စတင်ပြေးဆွဲမည်
NSS - ဩဂုတ် ၁၁
ရန်ကုန်၊ မန္တလေးမြို့များမှ ရုရှားနိုင်ငံ နိုဗိုဆီဗရစ်မြို့သို့ တိုက်ရိုက်လေကြောင်းပျံသန်းမှုကို စက်တင် ဘာလ ၅ ရက်မှ စတင်ပြေးဆွဲသွားမည်ဖြစ်ကြောင်း Myanmar Airway International (MAI) က အသိပေးကြေညာထားသည်။
မြန်မာ-ရုရှား တိုက်ရိုက်လေကြောင်းခရီးစဉ်ကို အပတ်စဉ် အင်္ဂါနေ့နှင့် စနေ့နေ့တို့တွင် ပျံသန်းပြေးဆွဲသွားမည်ဖြစ်ပြီး လေယာဉ်လက်မှတ်ခနှုန်းထားအဖြစ် အမေရိကန်ဒေါ်လာ ၄၀၉ ဒေါ်လာ သတ်မှတ်ထားကြောင်း သိရသည်။
ဇွန်လအတွင်း ရုရှားနိုင်ငံတွင်ပြုလုပ်ခဲ့သည့် SPIEF-2023 နိုင်ငံတကာစီးပွါးရေးဖိုရမ်တွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ရုရှားနှင့် မြန်မာနိုင်ငံအကြား တိုက်ရိုက်လေကြောင်းပျံသန်းမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့သည်။
MAI ၏ ထုတ်ပြန်ချက်တွင် လေကြောင်းခရီးစဉ်သစ်သည် ပြည်တွင်းမှ နာမည်ကြီးခရီးစဉ်များဖြစ်သည့် ငပလီ ၊ ဟဲဟိုး၊ ပုဂံ၊ ညောင်ဦးခရီးစဉ်များနှင့် ချိတ်ဆက်ပေးသွားရန် စီစဉ်ထားကြောင်း ဖော်ပြထားသည်။
ယမန်နှစ်မှစတင်ကာ ရုရှားနိုင်ငံသား ခရီးသွားများအတွက် နကစမှ ဗီဇာဖြေလျှော့မှုများ ပြုလုပ်ပေးခဲ့ပြီး ရုရှားနိုင်ငံဘက်ကလည်း မြန်မာခရီးသွားများအတွက် အလားတူ ဗီဇာဖြေလျှော့ပေးရန် တောင်းဆိုထားကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ရေကြီးမှုများကြောင့် လူပေါင်း ၄ဝဝဝဝ နီးပါးကို ဘေးလွှတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရပြီး အနည်းဆုံး ငါးဦး သေဆုံး
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း