အာဆီယံရုပ်ရှင်ပြပွဲ၌ အာဆီယံ(၄)နိုင်ငံနှင့်အတူ မြန်မာနိုင်ငံမှ ရုပ်ရှင်ကားနှင့် ဇာတ်လမ်းတွဲများ ပါဝင်ပြသမည်
ယွန်း (NSS) - သြဂုတ် ၁၀
အာဆီယံရုပ်ရှင်ပြပွဲတွင် အာဆီယံ (၄)နိုင်ငံနှင့်အတူ မြန်မာနိုင်ငံမှ ရုပ်ရှပ်ကားနှင့် ဇာတ်လမ်းတွဲများကို ပါဝင်ပြသသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ သြဂုတ်လ(၈)ရက်တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
အဆိုပါ အာဆီယံရုပ်ရှင်ပြပွဲတွင် အင်္ဂလိပ်စာတမ်းထိုးပြီး မြန်မာရုပ်ရှင်ကားဇာတ်ကား (၁)ကား နှင့် ဇာတ်လမ်းတို(၃)ကား ပါဝင်ပြသရန် ဖိတ်ခေါ်ထားခြင်းဖြစ်ကြောင်း သိရသည်။
“လောလောဆယ်တော့ ပါဝင်ချင်တဲ့သူတွေကို အရင်ဖိတ်ခေါ်ထားတယ်။ ပါဝင်ချင်တဲ့သူတွေက စာရင်းပေးပြီးပြီဆိုရင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲကိုပဲ ဒီကားတွေကတော့ ပါဝင်လိုပါတယ်ဆိုပြီး အကြောင်းပြန်ကြားပေးရမှာပေါ့။ ရွေးချယ်မှုနဲ့ပတ်သက်ရင်တော့ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲကနေပဲ ရွေးချယ်ပေးမှာပါ” ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ပြန်ကြားရေးမှူး ဦးချမ်းသာကြည်စိုးက NSS ကိုပြောသည်။
အဆိုပါ အာဆီယံရုပ်ရှင်ပြပွဲကို သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့တွင် လာမည့် စက်တင်ဘာလ ဒုတိယပတ်အတွင်း ကျင်းပသွားမည်ဖြစ်ပြီး (၃)ရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
၎င်းရုပ်ရှင်ပြပွဲကို အာဆီယံနိုင်ငံမျာအကြား ယဥ်ကျေးမှုဖလှယ်ရေးကို အဓိကထား၍ ပါဝင်ပြသခြင်းဖြစ်ကြောင်း ဦးချမ်းသာကြည်စိုးက ဆက်လက်ပြောကြားထားသည်။
“ယဥ်ကျေးမှုဖလှယ်ရေးအတွက် ပါဝင်ပြသတာပါ။ ယဥ်ကျေးမှုဖလှယ်ရေးဖြစ်တဲ့အတွက် တစ်နိုင်ငံနဲ့ တစ်နိုင်ငံကူးလူးဆက်ဆံရေးမှာ အများကြီးအကျိုးရှိပါတယ်”ဟု ၎င်းက သုံးသပ်ပြောကြားခဲ့သည်။
၎င်းရုပ်ရှင်ပြပွဲတွင် မြန်မာ အပါအဝင် မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း နှင့် ဗီယက်နမ် နိုင်ငံတို့မှလည်း ပါဝင်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ကိုလံဘိုအာဆီယံရုပ်ရှင်ပြပွဲ၌ ဝင်ရောက်ပြသရန် ဆန္ဒရှိသည့် မြန်မာရုပ်ရှင်ဖန်တီးထုတ် လုပ်သူများသည် ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲထံသို့ နိုင်ငံတကာဆက်ဆံရေးကော်မတီမှတစ်ဆင့် သြဂုတ်လ (၁၆)ရက် နောက်ဆုံးထား စာရင်းပေးသွင်းနိုင်ကြောင်း အသိပေးထားသည်။
လက်ရှိတွင် မြန်မာရုပ်ရှင်ကား(၁)ကားနှင့် ဇာတ်လမ်းတို(၂)ကား စာရင်းပေးသွင်းထားကြောင်း သိရသည်။
စာရင်းပေးသွင်းမှုများအနက်မှ ရွေးချယ်ခြင်းခံရသည့် ရုပ်ရှင်ကားနှင့် ဇာတ်လမ်းတိုများသည် သီရိလင်္ကာနိုင်ငံတွင် ကျင်းပသည့် အာဆီယံရုပ်ရှင်ပြပွဲတွင် သုံးရက်ကြာပါဝင်ပြသခွင့်ရမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
NCA နှင့်ပတ်သက်၍ လိုက်နာစရာ အကြောင်းမရှိတော့ဟု KNU အထွေထွေအတွင်းရေးမှူးပြော
RELATED POSTS
21 Nov 2024 | အနုပညာ,နိုင်ငံတကာ
14 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ