အီကွေဒေါသမ္မတလောင်းတစ်ဦး မဲဆွယ်စည်းရုံးပွဲမှာ လုပ်ကြံသတ်ဖြတ်ခံရပြီး ဦးခေါင်းကို ကျည်ဆံသုံးချက်ထိမှန် သေဆုံး
ဂျန်ဇက် (NSS) - သြဂုတ် ၁ဝ
သြဂုတ် ၂ဝ ရက်မှာ ကျင်းပမယ့် အီကွေဒေါသမ္မတရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်မယ့် သမ္မတလောင်းတစ်ဦးဖြစ် တဲ့ Fernando Villavicencioဟာ သြဂုတ် ၉ ရက်က ပြုလုပ်တဲ့ မဲဆွယ်စည်းရုံးပွဲအတွင်း လုပ်ကြံသတ်ဖြတ်ခံလိုက် ရကြောင်း သိရပါတယ်။
အီကွေဒေါသမ္မတရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ၉ ဦးထဲမှာ ပါဝင်နေတဲ့ Fernando Villavicencio ဟာ သြဂုတ် ၉ ရက်က Quito မြို့မှာ ကျင်းပတဲ့ မဲဆွယ်စည်းရုံးပွဲမှာ မိန့်ခွန်းပြောဆိုချိန်အတွင်း သေနတ်သမားတွေရဲ့လုပ်ကြံသတ်ဖြတ်မှုတွေ့ကြုံခဲ့ရတာဖြစ်ပြီး၊ ဦးခေါင်းမှာ သေနတ်ကျည်ဆံ သုံးချက်ဝင်ကာ သေဆုံးခဲ့ရတယ်လို့ အီကွေဒေါမီဒီယာတွေက ဖော်ပြပါတယ်။
အီကွေဒေါသမ္မတ Guillermo Lasso က "သမ္မတလောင်း Fernando Villavicencio လုပ်ကြံသတ်ဖြတ်ခံရမှုတွေ အတွက် အံ့အားသင့်တုန်လှုပ်မိသလို စိတ်ဆိုးဒေါသဖြစ်မိတယ်။ ရာဇဝတ်ဂိုဏ်းတွေ ရဲ့လက်ချက်ဖြစ်ဖွယ်ရှိနေပါ တယ်။ လူသတ်မှုကို စုံစမ်းအရေးယူသွားမယ်" လို့ ပြောပါတယ်။
လုပ်ကြံမှုဖြစ်ပွားချိန်အတွင်း ရဲတပ်ဖွဲ့ဝင်များနဲ့ သေနတ်သမားများကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လုပ်ကြံသူ အဖြစ် အဓိကသံသယရှိသူကို အပြန်အလှန်ပစ်ခတ်မှုအတွင်းရရှိခဲ့တဲ့ ဒဏ်ရာတွေ အသေဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
၎င်းဟာ အီကွေဒေါနိုင်ငံမှာ အကျင့်ပျက်လာဘ်စားမှုတွေနဲ့ ရာဇဝတ်ဂိုဏ်းများကို ဆန့်ကျင့်တိုက်ဖျက်မယ်လို့ ကတိပေးမှုများနဲ့အတူ လူသိများလာခဲ့သူဖြစ်ပါတယ်။ ၎င်းဟာ အဆိုပါမဲဆွယ်စည်းရုံးပွဲမှာ မိန့်ခွန်းပြောဆိုချိန် အတွင်း အကျင့်ပျက်ခြစားသူတွေကို တိုက်ဖျက်မှာဖြစ်ကြောင်း၊ အကျင့်ပျက်ခြစားသူတွေဟာ သူခိုးတွေဖြစ် ကြောင်း ထပ်မံပြောဆိုခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာလုပ်သားများကို ကူညီစောင့်ရှောက်ပေးနိုင်ရန် ကိုရီးယားရှိ နိုင်ငံခြားသား အလုပ်သမားကူညီထောက်ပံ့ရေးစင်တာများ၌ မြန်မာဝန်ထမ်းများ တိုးချဲ့ခန့်ထားရန် စီစဉ်နေ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း