စစ်တွေမြို့၌ အမျိုးသားတစ်ဦး ကြိုးဆွဲချအဆုံးစီရင်မှုဖြစ်ပွား
စော (NSS) - ဩဂုတ် ၉
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် အသက် (၄၂)အရွယ်ရှိ အမျိုးသားတစ်ဦး ကြိုးဆွဲချအဆုံးစီရင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဩဂုတ်လ ၉ရက်)၊ မွန်းလွဲ (၂)နာရီခွဲအချိန်တွင် စစ်တွေမြို့၊ ရွာကြီးမြောက်ရပ်ကွက်၊ စက်ရုံလမ်း၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း ရွှေရောင်ဖောင်ဒေးရှင်းအသင်းထံမှ သိရသည်။
အဆိုပါ အမျိုးသားသည် အိမ်ရှေ့လှေကားရှိ အမိုးထုတ်တန်း၌ ဆွဲကြိုးချ အဆုံးစီရင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဘာကြောင့်သတ်သေသွားတယ်လိုတော့ အိမ်သားတွေက မပြောဘူး။ ဒါပေမယ့် သူ့ကို ဒီနေ့ညနေ(၃) နာရီလောက်ကျရင် ဆေးခန်းသွားပြရမယ်တော့ပြောတယ်။ သူသတ်သေတဲ့အချိန်မှာအိမ်သားတွေက ဥပုဒ်သွားစောင့်ကြလို့ ဘယ်သူမှမရှိဘူး။ အိမ်နီးနားချင်းကမြင်လို့ သိတာပါ။ သူကဖားကန့်က ပြန်လာတာ တစ်လနှစ်လလောက်ပဲရှိသေးတယ်”ဟု ရွှေရောင်မေတ္တာဖောင်ဒေးရှင်းအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါအမျိုးသားသည် အသက် (၄၂)အရွယ်ရှိ ဦးမျိုးလင်းဖြစ်ပြီး စစ်တွေပြည့်သူဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အသက် (၁၁)နှစ်အရွယ် ကလေးငယ်တစ်ဦး သုံးရေခပ်ရာမှ ရေတွင်းထဲပြုတ်ကျ၍ ရေနစ်သေဆုံးမှု အောင်ပန်းမြို့နယ်တွင်ဖြစ်ပွား
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း