အမ်ဘာပေ၏ ပိုစတာများကို ဖြုတ်ချပြီး ဂျာစီရောင်းချခြင်းများကိုပါ ရပ်ဆိုင်းလိုက်တဲ့ ပီအက်စ်ဂျီအသင်း
Pika (NSS) - သြဂုတ် ၉
ပီအက်စ်ဂျီအသင်းသည် အသက်(၂၄)နှစ်အရွယ် တိုက်စစ်မှူးအမ်ဘာပေ၏ ပိုစတာများကို ဖြုတ်ချခဲ့ပြီး ပဲရစ်မြို့ရှိ ပီအက်စ်ဂျီအသင်းဆိုင်များတွင် ၎င်း၏ ဂျာစီရောင်းချခြင်းများကို ရပ်တန့်လိုက်ပြီဖြစ်ကြောင်း သိရသည်။
အမ်ဘာပေ၏ ပီအက်စ်ဂျီအသင်းနှင့်ချုပ်ဆိုထားသော စာချုပ်မှာ ၂ဝ၂၄ ခုနှစ်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သော် လည်း ၎င်းသည် ပီအက်စ်ဂျီအသင်းနှင့် စာချုပ်သက်တမ်းထပ်မံတိုးရန် ငြင်းဆိုခဲ့ကြောင်း သိရသည်။ အမ်ဘာပေ သည် လက်ရှိနွေရာသီတွင် ပီအက်စ်ဂျီအသင်းမှ ထွက်ခွာရန် စိတ်အားထက်သန်နေကြောင်း သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။
အမ်ဘာပေသည် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွါသွားနိုင်ဖွယ်ရှိသော်လည်း ပီအက်စ်ဂျီ အသင်းတာဝန်ရှိသူ များသည် ငွေကြေးရရှိရန်အတွက် ၎င်းကိုရောင်းချရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။ ပီအက်စ်ဂျီအသင်းသည် ရာသီကြိုခြေစမ်းပွဲများတွင် အမ်ဘာပေကို ပါဝင်ကစားခွင့် မပေးခဲ့သည့်အပြင် လက်ရှိအချိန်တွင် ၎င်း၏ ပိုစတာ များကို ဖြတ်ချမှုနှင့်အတူ ဂျာစီများရောင်းချခြင်းကိုလည်း ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း သိရသည်။ အမ်ဘာပေ သည် ရီးရဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ရန် ယခင်တည်းက သဘောတူညီခဲ့ကြောင်း သတင်းများထွက်ပေါ်နေ သော်လည်း ပီအက်စ်ဂျီအသင်းသည် ၎င်း၏ ပြောင်းရွှေ့ကြေးကို ယူရိုသန်း(၂၅ဝ) ထိရရန် မျှော်လင့်နေကြောင်း သိရသည်။
ပီအက်စ်ဂျီအသင်းသည် ဩဂုတ်လ(၁၂)ရက်တွင် လီဂူးဝမ်းပြိုင်ပွဲ ရာသီအစပွဲစဉ်ကို Lorient အသင်းနှင့် ယှဉ်ပြိုင် ကစားမည်ဖြစ်ပြီး အမ်ဘာပေ ပါဝင်ကစားခြင်း ရှိ/မရှိ ဆိုသည့်အချက်ကို လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်း မသိရှိရသေးကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂၀၁၇ ခုနှစ် ထိုင်းအခြေခံဥပဒေနှင့် ဝန်ကြီးချုပ်ရွေးချယ်ရေးပြဿနာ (ဘာသာပြန်ဆောင်းပါး)
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း