အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့သော လူ(၅)ဦးကို သေဒဏ်ပေးခဲ့ဟု အီရန်အစိုးရ ပြော
Pika (NSS) - သြဂုတ် ၉
နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့က သေဒဏ်ပေးကွပ်မျက်ခြင်းကိုရပ်တန့်ရန် တောင်းဆိုမှုများရှိနေသော်လည်း အီရန်နိုင်ငံသည် လူ(၅)ဦးကို ဩဂုတ်လ(၉)ရက်တွင် ကြိုးပေးကွပ်မျက်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ်က အီရန်နိုင်ငံ အနောက်မြောက်ပိုင်းတွင် အမျိုးသမီးတစ်ဦးကို အုပ်စုဖွဲ့အဓမ္မကျင့်မှုများ လုပ်ဆောင် ခဲ့သည့် လူ(၅)ဦးကို ဩဂုတ်လ(၉)ရက်တွင် အီရန်အစိုးရက ကြိုးပေးကွပ်မျက်ခဲ့ကြောင်း အီရန်တရားရေးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
အီရန်တရားရေးရာဌာနက "၂ဝ၂၂ ခုနှစ် မေလက Marand မြို့မှာ အမျိုးသမီးတစ်ဦးကို ပြန်ပေးဆွဲပြီး အဓမ္မပြုကျင့် ခဲ့တဲ့ အမျိုးသား(၅)ဦးကို ဩဂုတ်လ(၉)ရက်မှာ ကြိုးပေးကွပ်မျက်ခဲ့ပါတယ်" ဟု ပြောခဲ့သည်။
အဇာဘိုင်ဂျန်ပြည်နယ်တွင် အုပ်စုဖွဲ့အဓမ္မပြုကျင့်မှုများ လုပ်ဆောင်ပြီးနောက် လေးရက်အကြာတွင် ဖမ်းဆီးခံခဲ့ရ သော အမျိုးသား(၅)ဦးသည် အခြားရာဇဝတ်မှုများတွင်လည်း ပါဝင်ပတ်သက်နေကြောင်း Mizan သတင်းစာက ဖော်ပြခဲ့သော်လည်း အသေးစိတ်အချက်အလက်များကို ရေးသားဖော်ပြထားခြင်းမျိုး မရှိကြောင်း သိရသည်။
အမျိုးသမီးများကို အလှပြင်ခွဲစိတ်မှုများ လုပ်ဆောင်ပေးမည်ဟုဆိုကာ သွေးဆောင်ဖြားယောင်းပြီးနောက် မေ့ဆေးပေးကာ အဓမ္မပြုကျင့်ခဲ့သည့် အမျိုးသာား(၃)ဦးကို ပြီးခဲ့သည့်လတွင် အီရန်အစိုးရက ကြိုးပေးကွပ်မျက်ခဲ့ကြောင်း သိရသည်။ ထို့အပြင် ၎င်းတို့သုံးဦးသည် ၂ဝ၂၁ ခုနှစ်နှောင်းပိုင်းက Hormozgan ပြည်နယ်တွင် လိင်ပိုင်းဆိုင်ရာ စော်ကားမှုအများအပြားတွင် ပူးပေါင်းကြံစည်မှုများကို လုပ်ဆောာင်ခဲ့သည်ဆိုသည့်အချက်ဖြင့် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပြီးနောက် ကြိုးပေးကွပ်မျက်ခဲ့ခြင်းဖြစ်ကြောင်း Mizan သတင်းစာက ဖော်ပြခဲ့သည်။
အီရန်နိုင်ငံသည် တရုတ်နိုင်ငံပြီးလျှင် ကမ္ဘာပေါ်တွင် ကွပ်မျက်မှု အများဆုံးလုပ်နေသည့်နိုင်ငံဖြစ်ပြီး ပြီးခဲ့သည့်နှစ်တွင် လူပေါင်း(၅၈၂)ဦး ကို ကွပ်မျက်ခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့ Amnesty International က ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမ်ဘာပေ၏ ပိုစတာများကို ဖြုတ်ချပြီး ဂျာစီရောင်းချခြင်းများကိုပါ ရပ်ဆိုင်းလိုက်တဲ့ ပီအက်စ်ဂျီအသင်း
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း