အာဏာသိမ်းမှုဖြစ်ပွားတဲ့နိုင်ဂျာကို စစ်ရေးနည်းလမ်းအသုံးပြုမယ်ဆိုရင် နိုင်ဂျီးရီးယားနိုင်ငံက တပ်ဖွဲ့ဝင် ၂၅ဝဝဝ စေလွှတ်ပေးသွားဖွယ်ရှိနေ
ဂျန်ဇက် (NSS) - သြဂုတ် ၉
နိုင်ဂျီးရီးယားနိုင်ငံဟာ အိမ်နီးချင်းနိုင်ဂျာနိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အရပ်သားအစိုးရ ပြန်လည်အုပ်ချုပ်နိုင်ဖို့ စစ်ရေးနည်းလမ်းအသုံးပြုရာမှာ တပ်ဖွဲ့ဝင် ၂၅ဝဝဝ စေလွှတ်သွားဖွယ်ရှိနေကြောင်း ပြင်သစ်အခြေစိုက် သတင်းဌာနတစ်ခုဖြစ်တဲ့ RFI က ပြောပါတယ်။
နိုင်ဂျီးရီးယားဦးဆောင်နေတဲ့ အနောက်အာဖရိကနိုင်ငံများ စီးပွားရေးအဖွဲ့ ECOWAS ဟာ နိုင်ဂျာစစ်အာဏာသိမ်း ခေါင်းဆောင်ကို သီတင်းပတ်တစ်ပတ်အတွင်း ရာထူးကဖြုတ်ချထားတဲ့သမ္မတကို ပြန်လည်ခန့်ထားဖို့ တောင်းဆို ထားပြီး တောင်းဆိုချက်ကို လိုက်နာမှုမရှိပါက စစ်ရေးနည်းလမ်းအသုံးပြုသွားမှာဖြစ်ကြောင်း၊ သတိပေးထားပါ တယ်။
နိုင်ဂျာနိုင်ငံမှာ ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်က အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် ECOWAS အဖွဲ့က သမ္မတ မိုဟာမက် ဘာဇွန်ကို ရာထူးပြန်မအပ်နှင်းဘူးဆိုရင် စစ်ရေးအရ ကြားဝင်စွက်ဖက်မှာဖြစ်ကြောင်း ခြိမ်းခြောက်ထားပေမယ့် သက်မှတ်ရက် သက်တမ်းကုန်လွန်သွားပေမယ့် စစ်ရေးနည်းလမ်းအသုံးပြုခြင်းမျိုး မရှိကြောင်း သိရပါတယ်။
ECOWAS အဖွဲ့နိုင်ငံများရဲ့ကာကွယ်ရေးဦးစီးချုပ်များကတော့ နိုင်ဂျာကို စစ်ရေးနည်းလမ်းအသုံးပြုမယ့် အစီအစဉ် က ဖြစ်လာနိုင်ဖွယ်ရှိနေဆဲဖြစ်ကြောင်း မကြာသေးမီက ပြောခဲ့ပါတယ်။ ECOWAS အဖွဲ့အနေနဲ့ နိုင်ဂျာနိုင်ငံအပေါ် စစ်ရေးနည်းလမ်း အသုံးပြုမယ်ဆိုရင် တပ်ဖွဲ့ဝင် ၂၅ဝဝဝ စေလွှတ်ပေးသွားမှာဖြစ်ကြောင်း နိုင်ဂျီးရိးယားအစိုးရ သတိပေးထားပါတယ်။
နိုင်ဂျီးရီးယားအစိုးရဟာ နိုင်ဂျာကို တပ်ဖွဲ့ဝင်အရေအတွက် ၂၅ဝဝဝ စေလွှတ်ပေးဖို့ လွှတ်တော်ရဲ့ခွင့်ပြုချက်ရယူဖို့ တင်ပြထားပြီး လွှတ်တော်က ခွင့်ပြုချက်ပေးတာမျိုးမရှိသေးကြောင်း သိရပါတယ်။ နိုင်ဂျာမှာ အာဏာသိမ်းမှုဖြစ် ပွားခဲ့ပြီးနောက်ပိုင်း အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုနိုင်ငံတွေဟာ နိုင်ဂျာအပေါ် ခွင်ပြုပေးထားတဲ့အကူ အညီများကို ရပ်တန့်လိုက်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။
အမေရိကန်အစိုးရဟာ နိုင်ဂျာစစ်အာဏာသိမ်းခေါင်းဆောင် နဲ့တွေ့ဆုံဆွေးနွေးမှုများပြုလုပ်နေသလို နိုင်ဂျာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံအချို့ကလည်း စစ်ရေးနည်းလမ်းအသုံးပြုမယ့်အစီအစဉ်ကို လက်မခံကြောင်း၊ ဒေသအတွင်းမှာ ဘေးဒုက္ခများ ပိုမိုဖြစ်လာဖွယ်ရှိနေကြောင်း သတိပေးထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆော်လမွန်ကျွန်းစုအသင်းကို ဂိုးပြတ်အနိုင်ရပြီး ဆီမီးဖိုင်နယ်တက်ရောက်ဖို့ အခွင့်အရေးများသွားတဲ့ မြန်မာဖူဆယ်လက်ရွေးစင်အသင်း
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ