လျှပ်စစ်ဓာတ်အားလိုအပ်ချက်၏ (၅၀)ရာခိုင်နှုန်းကိုပင် ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသေးဟု နိုင်ငံတော်ဝန်ကြီးချုပ်ဖွင့်ဟ
မျိုးကြီး (NSS) - သြဂုတ် ၉
မြန်မာနိုင်ငံ လျှပ်စစ်ဓာတ်အားလိုအပ်ချက်၏ (၅၀)ရာခိုင်နှုန်းကိုပင် ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသေးကြောင်း တွေ့ရှိရသည်ဟု နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖွင့်ဟပြောကြားခဲ့သည်။
၎င်းက ယမန်နေ့(သြဂုတ်လ ၈ ရက်)တွင် နေပြည်တော်ရှိ နစကဥက္ကဋ္ဌရုံး၌ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
လွန်ခဲ့သော ဆယ်စုနှစ်ခန့်က အကောင်အထည်ဖော်ခဲ့သည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းများသည် အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်ခဲ့ရကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောသည်။
၎င်းလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပါက လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို များစွာဖြည့်ဆည်းပေးနိုင်မည်ဟုလည်း ၎င်းက ပြောသည်။
မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားလိုအပ်ချက်များဆက်လက်ရှိနေပြီး ယခုအချိန်အထိ နိုင်ငံလိုအပ်ချက် ၏ (၅၀)ရာခိုင်နှုန်းကိုပင် ဖြည့်ဆည်းပေးနိုင်ခြင်းမရှိသေးသည်ကို တွေ့ရှိရကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖွင့်ဟပြောကြားခဲ့သည်။
လက်ရှိတွင် လျှပ်စစ်ဓာတ်အားလိုအပ်ချက်သည် နစကအစိုးရအတွက် စိန်ခေါ်မှုတစ်ရပ်အနေဖြင့် ရှိနေပြီး နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ လေအားလျှပ်စစ်ထုတ်လုပ်ခြင်း၊ စပါးခွံသုံးဓာတ်ငွေ့လောင်စာအသုံးပြု၍ လျှပ်စစ်ထုတ်လုပ်ခြင်းလုပ်ငန်းများကို အကောင်ထည်ဖော်နေကြောင်း သိရသည်။
နစကအနေဖြင့် စားရေရိက္ခာဖူလုံမှုရှိရေး၊ လမ်းပန်းဆက်သွယ်မှုများကောင်းမွန်ရေး၊ ပညာရည်မြင့်မာရေး၊ သက်ရှည်ကျန်းမာမှုရှိရေးနှင့် လျှပ်စစ်ဓာတ်အားလုံလောက်စွာရရှိရေးတို့ကို အဓိကဦးစားပေးအဖြစ် အကောင်အထည်ဖော်ပေးရမည်ဟုလည်း နိုင်ငံတော်ဝန်ကြီးချုပ်က သုံးသပ်ထားသည်။
မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား လုံလောက်စွာ မရရှိသည့်ပြဿနာကြောင့် အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ၊ အထည်ချုပ်လုပ်ငန်းများအပါအဝင် ကုမ္ပဏီလုပ်ငန်းအသီးသီးသည် အခက်အခဲများဖြင့် ရင်ဆိုင်တွေ့ကြုံနေရလျက်ရှိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Toyota Hiace ကားပေါ်မှ စကျင်ကျောက်ဖြင့်ထွင်းထုထားသည့် ဆင်ရုပ်အကြမ်းထည် (၄၄၀)ခုနှင့် တရားမဝင်ပစ္စည်းများကို ဖမ်းဆီးထိန်းသိမ်း
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ