ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်မှုအပါအဝင် ပစ်ခတ်သတ်ဖြတ်ခံရမှုကြောင့် ရွာသား(၃)ဦးသေဆုံးမှု ညောင်လေးပင်မြို့တွင်ဖြစ်ပွား
NP News - ဇန်နဝါရီ ၂၃
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်ရှိ ကျေးရွာများတွင် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရမှုနှင့် ပစ်ခတ်သတ်ဖြတ်ခံရမှုကြောင့် ရွာသား(၃) ဦး သေဆုံးကာ (၂)ဦး ထိခိုက်ဒဏ် ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီလ(၂၂)ရက်၊ နံနက်(၂)နာရီ အချိန်တွင် ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်ကျေးရွာတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါကျေးရွာအတွင်းသို့ KNU နှင့် PDF အဖွဲ့က ဒရုန်း(၂)စီးဖြင့် Drop Bomb (၈)လုံးခန့်ကို အကြောင်းမဲ့ပစ်ချတိုက်ခိုက်ခဲ့ရာ ကျေးရွာထဲရှိ လူနေအိမ်များပေါ်နှင့် နေအိမ်ခြံဝင်းများအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ဗုံးသီးများကျရောက်ပေါက်ကွဲမှုကြောင့် ၎င်းကျေးရွာတွင် နေထိုင်သူ မောင်အောင် သူဖြိုးနှင့် ဒေါ်အေးသုမွန်တို့(၂)ဦးတွင် ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆိုထားသည်။
ထို့ပြင် နံနက်(၄)နာရီ အချိန်တွင်လည်း ညောင်လေးပင်မြို့နယ်၊ ဆွဲဒလွဲကျေးရွာတွင် နေထိုင်သော ဦးနော်လမု၏ နေအိမ်သို့ KNU နှင့် PDF အဖွဲ့ရောက်ရှိခဲ့ကြောင်း သိရသည်။ ထို့နောက် ဦးနော်လမု၏နေအိမ်အတွင်း ဝင်ရောက်ပြီး နေအိမ်အတွင်းရှိနေသည့် မသဇင်လှိုင်၊ မောင်လင်းလင်းနှင့် ဦးဝင်းဌေးတို့ (၃)ဦးအား လက်နက်ငယ်များဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆက်လက်ထုတ်ပြန်ထားသည်။
လက်နက်ငယ်များဖြင့် ပစ်ခတ်ခံရမှုကြောင့် မသဇင်လှိုင် အပါအဝင် (၃)ဦးမှာ ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်ရာနေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များနှင့်ပတ်သက်၍ အပြစ်မဲ့ပြည်သူများအား အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်ခဲ့သည့် အကြမ်းဖက်များကို ဖော်ထုတ်ဖမ်းဆီးနိုင်ရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
zawgyi version
ဒ႐ုန္းျဖင့္ ဗုံးခ်တိုက္ခိုက္မႈအပါအဝင္ ပစ္ခတ္သတ္ျဖတ္ခံရမႈေၾကာင့္ ႐ြာသား(၃)ဦးေသဆုံးမႈ ေညာင္ေလးပင္ၿမိဳ႕တြင္ျဖစ္ပြား
NP News - ဇန္နဝါရီ ၂၃
ပဲခူးတိုင္း၊ ေညာင္ေလးပင္ၿမိဳ႕နယ္ရွိ ေက်း႐ြာမ်ားတြင္ ဒ႐ုန္းျဖင့္ ဗုံးခ်တိုက္ခိုက္ခံရမႈႏွင့္ ပစ္ခတ္သတ္ျဖတ္ခံရမႈေၾကာင့္ ႐ြာသား(၃) ဦး ေသဆုံးကာ (၂)ဦး ထိခိုက္ဒဏ္ ရာရရွိခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။
ျဖစ္စဥ္မွာ ဇန္နဝါရီလ(၂၂)ရက္၊ နံနက္(၂)နာရီ အခ်ိန္တြင္ ေညာင္ေလးပင္ၿမိဳ႕နယ္၊ ပုဇြန္ေျမာင္ေက်း႐ြာတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။ အဆိုပါေက်း႐ြာအတြင္းသို႔ KNU ႏွင့္ PDF အဖြဲ႕က ဒ႐ုန္း(၂)စီးျဖင့္ Drop Bomb (၈)လုံးခန႔္ကို အေၾကာင္းမဲ့ပစ္ခ်တိုက္ခိုက္ခဲ့ရာ ေက်း႐ြာထဲရွိ လူေနအိမ္မ်ားေပၚႏွင့္ ေနအိမ္ၿခံဝင္းမ်ားအတြင္း က်ေရာက္ေပါက္ကြဲခဲ့ေၾကာင္း သိရသည္။
ဗုံးသီးမ်ားက်ေရာက္ေပါက္ကြဲမႈေၾကာင့္ ၎ေက်း႐ြာတြင္ ေနထိုင္သူ ေမာင္ေအာင္ သူၿဖိဳးႏွင့္ ေဒၚေအးသုမြန္တို႔(၂)ဦးတြင္ ဗုံးစထိမွန္ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ဆိုထားသည္။
ထို႔ျပင္ နံနက္(၄)နာရီ အခ်ိန္တြင္လည္း ေညာင္ေလးပင္ၿမိဳ႕နယ္၊ ဆြဲဒလြဲေက်း႐ြာတြင္ ေနထိုင္ေသာ ဦးေနာ္လမု၏ ေနအိမ္သို႔ KNU ႏွင့္ PDF အဖြဲ႕ေရာက္ရွိခဲ့ေၾကာင္း သိရသည္။ ထို႔ေနာက္ ဦးေနာ္လမု၏ေနအိမ္အတြင္း ဝင္ေရာက္ၿပီး ေနအိမ္အတြင္းရွိေနသည့္ မသဇင္လႈိင္၊ ေမာင္လင္းလင္းႏွင့္ ဦးဝင္းေဌးတို႔ (၃)ဦးအား လက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္သတ္ျဖတ္ခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ဆက္လက္ထုတ္ျပန္ထားသည္။
လက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္ခံရမႈေၾကာင့္ မသဇင္လႈိင္ အပါအဝင္ (၃)ဦးမွာ က်ည္ထိမွန္ဒဏ္ရာမ်ားရရွိကာ အခင္းျဖစ္ရာေနရာတြင္ ေသဆုံးခဲ့ေၾကာင္း သိရသည္။ အထက္ပါျဖစ္စဥ္မ်ားႏွင့္ပတ္သက္၍ အျပစ္မဲ့ျပည္သူမ်ားအား အေၾကာင္းမဲ့ပစ္ခတ္သတ္ျဖတ္ခဲ့သည့္ အၾကမ္းဖက္မ်ားကို ေဖာ္ထုတ္ဖမ္းဆီးႏိုင္ရန္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း ရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သံဖြူဇရပ်မြို့နယ်ရှိ သပြေချောင်းတံတား မိုင်းထောင်ဖောက်ခွဲခံရ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း