သံဖြူဇရပ်မြို့နယ်ရှိ သပြေချောင်းတံတား မိုင်းထောင်ဖောက်ခွဲခံရ
NP News - ဇန်နဝါရီ ၂၃
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ သပြေချောင်းသံကူကွန်ကရစ်တံတား မိုင်းထောင်ဖောက်ခွဲခံခဲ့ရကြောင်း နစကမှ ထုတ်ပြန်ထားသည်။
နစကမှ ပြီးခဲ့သည့် ဇန်နဝါရီလ(၂၂)ရက်၊ ညပိုင်းတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
ဖြစ်စဉ်မှာ ဇန်နဝါရီလ(၂၁)ရက်၊ ည(၇)နာရီခွဲ အချိန်ခန့်တွင် သံဖြူဇရပ်မြို့နယ်၊ နှစ်ကရင်ကျေးရွာ- သာဂရကျေးရွာသွား ကားလမ်း၊ သာဂရကျေးရွာ၏ အနောက် တောင်ဘက်မီတာ(၁ဝဝဝ)ခန့် အကွာရှိ သပြေချောင်းသံကူကွန်ကရစ်တံတားအား PDF များက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖောက်ခွဲခံရမှုကြောင့် တံတား၏ တောင်ဘက်ခြမ်းမှ ကမ်းကပ်ခုံအနီးတွင် အချင်း (၁ဝ)ပေ ပတ်လည်ခန့် ကျွံကျပျက်စီခဲ့ကြောင်း နစကမှ ဆိုထားသည်။ အထက်ပါဖြစ်စဉ်နှင့် ပတ်သက်၍ မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့သည့် အကြမ်းဖက်များအား ဖောက်ထုတ်ဖမ်းဆီးအရေးယူနိုင်ရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း နစကမှ ထုတ်ပြန်ထားသည်။
အလားတူ ပြီးခဲ့သည့် ရက်ပိုင်းကလည်း ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် အတွင်းရှိ သပြေညွန့်- မုတ္တိမြောင်-ဇင်းတိုင် ကျေးရွာများသို့ ဆက်သွယ်ထားသည့် ယောက်တဝချောင်းကူးတံတားအား အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည်။
zawgyi version
သံျဖဴဇရပ္ၿမိဳ႕နယ္ရွိ သေျပေခ်ာင္းတံတား မိုင္းေထာင္ေဖာက္ခြဲခံရ
NP News - ဇန္နဝါရီ ၂၃
မြန္ျပည္နယ္၊ သံျဖဴဇရပ္ၿမိဳ႕နယ္ရွိ သေျပေခ်ာင္းသံကူကြန္ကရစ္တံတား မိုင္းေထာင္ေဖာက္ခြဲခံခဲ့ရေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။
နစကမွ ၿပီးခဲ့သည့္ ဇန္နဝါရီလ(၂၂)ရက္၊ ညပိုင္းတြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။
ျဖစ္စဥ္မွာ ဇန္နဝါရီလ(၂၁)ရက္၊ ည(၇)နာရီခြဲ အခ်ိန္ခန႔္တြင္ သံျဖဴဇရပ္ၿမိဳ႕နယ္၊ ႏွစ္ကရင္ေက်း႐ြာ- သာဂရေက်း႐ြာသြား ကားလမ္း၊ သာဂရေက်း႐ြာ၏ အေနာက္ ေတာင္ဘက္မီတာ(၁ဝဝဝ)ခန႔္ အကြာရွိ သေျပေခ်ာင္းသံကူကြန္ကရစ္တံတားအား PDF မ်ားက မိုင္းေထာင္ေဖာက္ခြဲဖ်က္ဆီးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ေဖာက္ခြဲခံရမႈေၾကာင့္ တံတား၏ ေတာင္ဘက္ျခမ္းမွ ကမ္းကပ္ခုံအနီးတြင္ အခ်င္း (၁ဝ)ေပ ပတ္လည္ခန႔္ ကြၽံက်ပ်က္စီခဲ့ေၾကာင္း နစကမွ ဆိုထားသည္။ အထက္ပါျဖစ္စဥ္ႏွင့္ ပတ္သက္၍ မိုင္းေထာင္ေဖာက္ခြဲ ဖ်က္ဆီးခဲ့သည့္ အၾကမ္း ဖက္မ်ားအား ေဖာက္ထုတ္ဖမ္းဆီးအေရးယူႏိုင္ရန္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။
အလားတူ ၿပီးခဲ့သည့္ ရက္ပိုင္းကလည္း ကရင္ျပည္နယ္၊ သံေတာင္ႀကီးၿမိဳ႕နယ္ အတြင္းရွိ သေျပၫြန႔္- မုတၱိေျမာင္-ဇင္းတိုင္ ေက်း႐ြာမ်ားသို႔ ဆက္သြယ္ထားသည့္ ေယာက္တဝေခ်ာင္းကူးတံတားအား အၾကမ္းဖက္သမားမ်ားက မိုင္းေထာင္ေဖာက္ခြဲဖ်က္ဆီးခဲ့သည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းစစ်ပွဲမှာ ရုရှားစစ်သား(၂)သိန်းနီးပါး ထိခိုက်သေဆုံးခဲ့ကဲ့သို့ ယူကရိန်းစစ်သား (၁)သိန်းကျော် ထိခိုက်သေဆုံးထားကြောင်း နော်ဝေးစစ်တပ်အကြီးအကဲပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း