Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အတ္တလန်တာမှာ ဆန္ဒပြသူတစ်ဦး ရဲတပ်ဖွဲ့ရဲ့ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ပြီးနောက် ဆန္ဒပြမှုများ ပိုမိုပြင်းထန်လာ

ရောင်နီ (NP News) - ဇန်နဝါရီ ၂၂

အမေရိကန်နိုင်ငံ၊ ဂျော်ဂျီယာပြည်နယ်ရှိ အတ္တလန်တာမြို့တော်မှာ ရဲတပ်ဖွဲ့ရဲ့ပစ်ခတ်မှုကြောင့် ဆန္ဒပြသူတစ်ဦး သေဆုံးခဲ့ပြီးနောက် ဆန္ဒပြမှုတွေဟာ ပိုမိုတင်းမာလာကာ ရဲကားတစ်စီးကို မီးတင်ရှို့ခြင်း၊ အဆောက်အဦးများရဲ့ ပြတင်းပေါက်များကို ရိုက်ခွဲမှုခြင်း စတဲ့ အခြေအနေများ ဖြစ်ပေါ်လာခဲ့ပါတယ်။

တက်ကြွလှုပ်ရှားသူများဟာ "Cop City" လို့ နာမည်ပြောင်ပေးထားတဲ့ အများပြည်သူ ဘေးကင်းရေး၊ လေ့ကျင့်ရေး အဆောက်အအုံမှာ ဇန်နဝါရီလ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့က ရဲတပ်ဖွဲ့ရဲ့ဝင်ရောက်စီးနင်းမှုအတွင်း တက်ကြွလှုပ်ရှားသူ တစ်ဦး ပစ်သတ်ခံရမှုကို ကန့်ကွက်ဆန္ဒပြဖို့အတွက် ယခင်ထက်ပိုမို စုဝေးခဲ့ကြပါတယ်။ ဆန္ဒပြပွဲတွေဟာ ငြိမ်းချမ်းစွာ စတင်ခဲ့ပေမယ့် ဆန္ဒပြသူအချို့က မီးရှူးမီးပန်းများ၊ ကျောက်ခဲများနဲ့ ပစ်ပေါက်ခြင်း၊ အဆောက်အအုံ ပြတင်းပေါက်များကို သံတူများဖြင့် ရိုက်ခွဲခြင်းတို့ ပြုလုပ်ခဲ့ပါတယ်။

ချီတက်ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က တားဆီးဖြိုခွင်းလိုက်တဲ့အခါ ၂ ဖက်ကြား အကြမ်းဖက်မှုများ လျင်မြန်စွာ ဖြစ်ပွားခဲ့ပါတယ်။ ဇန်နဝါရီလ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြသူများနဲ့ ရဲတပ်ဖွဲ့ဝင်များကြား ပဋိပက္ခမှာ အသက် ၂၆ နှစ်အရွယ် မာနျူရယ်တီရမ် အမည်ရှိ လူငယ်တစ်ဦး သေဆုံးသွားခဲ့ပါတယ်။ ဂျော်ဂျီယာ စုံစမ်းစစ်ဆေးရေးဗျူရို (GBI) ရဲ့ဖော်ပြချက်အရ တီရမ်ဟာ ပြည်နယ်တပ်ဖွဲ့ဝင်တစ်ဦးကို တိုက်ခိုက်ခဲ့ တာကြောင့် အရာရှိများရဲ့ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရခြင်း ဖြစ်တယ်လို့ သိရပါတယ်။

အတ္တလန်တာ ရဲတပ်ဖွဲ့ဖောင်ဒေးရှင်းဟာ အတ္တလန်ဒါ တောင်ဘက်မှာ တည်ဆောက်မယ့် ဒေါ်လာသန်း ၉ဝ တန်ကြေးရှိ ပရောဂျက်ကို အကောင်အထည်ဖော်ဖို့ ဆောင်ရွက်နေပြီး သို့ပေမယ့် ၄င်းကိုဆန့်ကျင်သူများက ပရောဂျက်ဟာ သစ်တောဧက ရာနဲ့ချီ ပျက်စီးစေကာ သဘာဝပတ်ဝန်းကျင်ကို များစွာထိခိုက်စေနိုင်တယ်လို့ ဆိုကာ ဆန္ဒပြမှုများ ပြုလုပ်လာခဲ့ပါတယ်။

Zawgyi Version;






အတ္တလန်တာ ရဲတပ်ဖွဲ့ဖောင်ဒေးရှင်းဟာ အတ္တလန်ဒါ တောင်ဘက်မှာ တည်ဆောက်မယ့် ဒေါ်လာသန်း ၉ဝ တန်ကြေးရှိ ပရောဂျက်ကို အကောင်အထည်ဖော်ဖို့ ဆောင်ရွက်နေပြီး သို့ပေမယ့် ၎င်းကိုဆန့်ကျင်သူများက ပရောဂျက်ဟာ သစ်တောဧက ရာနဲ့ချီ ပျက်စီးစေကာ သဘာဝပတ်ဝန်းကျင်ကို များစွာထိခိုက်စေနိုင်တယ်လို့ ဆိုကာ ဆန္ဒပြမှုများ ပြုလုပ်လာခဲ့ပါတယ်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

နစကလက်ထက်၌ ရွေးကောက်ပွဲကော်မရှင်ရုံး(၁၃)ရုံး မိုင်းထောင်ဖောက်ခွဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရကာ ကျပ်သန်း (၄ဝဝ) နီးပါးဆုံးရှုံးခဲ့

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved