ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့သားဖြစ်သူ ဗိုလ်ချုပ်ကြီး ဟွန်မာနက်ကို ဝန်ကြီးချုပ်အသစ်အဖြစ် ကမ္ဘောဒီးယားဘုရင် ခန့်အပ်
ဂျန်ဇက် (NSS) - ဩဂုတ် ၇
ကမ္ဘောဒီးယားဘုရင်ဖြစ်သူ နိုရိုဒွန် စီဟာမိုနီဟာ ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့သားဖြစ်သူ ဟွန်မာနက်ကို ကမ္ဘောဒီးယားနိုင်ငံရဲ့ဝန်ကြီးချုပ်အသစ်အဖြစ် ရွေးချယ်ခန့်အပ်လိုက်ကြောင်း သိရပါတယ်။
ဘုရင်စီဟာမိုနီဟာ သြဂုတ် ၇ ရက်က ကျင်းပတဲ့ ၇ ကြိမ်မြောက် ကမ္ဘောဒီးယားလွှတ်တော်ဖွင့်ပွဲမှာ ဟွန်မာနက်ကို ဝန်ကြီးချုပ်အသစ်အဖြစ် ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ဟာ ကမ္ဘောဒီးယားနိုင်ငံရဲ့ အစိုးရအဖွဲ့မှာ နှစ်ပေါင်း ၄ဝ ကျော်ကြာ ဝန်ကြီး၊ ဒုတိယဝန်ကြီးချုပ်၊ ဝန်ကြီးချုပ် တာဝန်များကို ရယူခဲ့ပြီးနောက် သားဖြစ်သူကို ဝန်ကြီးချုပ်အသစ်ခန့်အပ်ဖို့ ဘုရင်ကို တိုက်တွန်းတောင်းဆိုခဲ့ကြောင်း သိရပါတယ်။
ဇူလိုင်လ ကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာ ဟွန်ဆန် ဦးဆောင်နေတဲ့ ကမ္ဘောဒီးယားပြည်သူပါတီက မဲအများအပြားနဲ့ အနိုင်ရခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ ဟွန်ဆန်က ဝန်ကြီးချုပ်ရာထူးက နှုတ်ထွက်ပြီး သားဖြစ်သူကို ဝန်ကြီးချုပ် အသစ်အဖြစ် ခန့်အပ်သွားမယ်လို့ ကြေညာခဲ့ပါတယ်။
ကမ္ဘောဒီးယားပြည်သူပါတီဟာ လွှတ်တော်နေရာပေါင်း ၁၂၅ နေရာအနက် ၅ နေရာသာ ရှုံးနိမ့်ခဲ့ပြီး၊ အခြားနေရာ များမှာ အနိုင်ရခဲ့ကြောင်း သိရပါတယ်။ ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့တောင်းဆိုမှုကြောင့် ကမ္ဘောဒီးယားဘုရင်ဟာ သြဂုတ် ၇ ရက်နေ့မှာ ကြယ်လေးပွင့်အဆင့်ရှိ ဗိုလ်ချုပ်ကြီးဟွန်မာနက်ကို ဝန်ကြီးချုပ်အဖြစ်ခန့်အပ်ကြောင်း အမိန့်ထုတ်ပြန်ပေးခဲ့ကြောင်း သိရပါတယ်။
ဟွန်မာနက် ဦးဆောင်မယ့် ကမ္ဘောဒီးယားအစိုးရအဖွဲ့အတွင်း ဝန်ကြီးတွေဟာ လူငယ်တွေ များလာဖွယ်ရှိနေ ကြောင်း သတင်းတွေထွက်ပေါ်နေပါတယ်။ ဟွန်ဆန်က ၎င်းအနေနဲ့ သားဖြစ်သူ ဟွန်မာနက် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူနေချိန်အတွင်း ကြားဝင်စွက်ဖက်တာမျိုးလုပ်ဆောင်မှာ မဟုတ်ကြောင်း ကမ္ဘောဒီးယားပြည်သူများဟာ နိုင်ငံရေးမှာ လွှမ်းမိုးမှုတွေဆက်လက်ရှိနေမှာဖြစ်ကြောင်း ပြောပါတယ်။
အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုနိုင်ငံတွေကတော့ ပြီးခဲ့တဲ့လကကျင်းပခဲ့တဲ့ ကမ္ဘောဒီးယားရွေးကောက်ပွဲ မှာ အဓိကအတိုက်ခံပါတီကို ပါဝင်ယှဉ်ပြိုင်ခွင့်မပေးဘဲ ကျင်းပခဲ့အတွက် လွတ်လပ်မျှတမှုမရှိကြောင်း ဝေဖန်ထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကသာမြို့နယ်ရှိ မိုးတားလေးကျေးရွာအတွင်းသို့ KIA နှင့် PDF အဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် (၇)နှစ်အရွယ်ကလေး အပါအဝင် အရပ်သားငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ