ရန်ကုန်၌ ကျင်းပသည့် လျှပ်စစ်ကားများပါဝင်သော ဈေးရောင်းပွဲတော်တွင် တစ်ပိဿာ ငွေကျပ် (၅၀၀၀) ကျော်နှုန်းဖြင့် ရောင်းချသည့် စားသုံးဆီကို ဝယ်ယူသူမျာပြား
NSS - ဩဂုတ် ၅
ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်တွင် ကျင်းပပြုလုပ်သော ၂၀၂၃ ခုနှစ် မိုးရာသီဈေရောင်းပွဲ တော်၊ စက်မှုထုတ်ကုန်ပြပွဲနှင့် လျှပ်စစ်ကား(EV)ပြပွဲ၌ မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များမှ ရောင်းချလျက်ရှိသော တစ်ပိဿာလျှင် (၅၅၀၀)ကျပ်တန် စားသုံးဆီများအား ဝယ်ယူသူများပြားခဲ့သည်။
၂၀၂၃ ခုနှစ် မိုးရာသီဈေးရောင်းပွဲတော်အား ယမန်နေ့ ဩဂုတ်လ ၄ ရက်နေ့မှစ၍ ၆ရက်အထိ ရန်ကုန် တိုင်းဒေသကြီးအစိုးအဖွဲ့မှ (၃)ရက်တိုင် ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်သည်။
မိုးရာသီဈေးရောင်းပွဲတော် စက်မှုထုတ်ကုန်ပြပွဲနှင့် လျှပ်စစ်ကား(EV)ပြပွဲသို့ NSS အနေဖြင့် သတင်းသွားရောက်ရယူရာတွင် ပြခန်းပေါင်းများစွာရှိသည့်အနက် စားသုံးဆီရောင်းချပေးသည့်နေရာ၌ လူအများအပြားလာရောက်ကာ တန်းစီဝယ်ယူနေသည်ကိုလည်း တွေ့ရှိခဲ့ရသည်။
၎င်းဈေးရောင်းပွဲတော်၌ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ အသီးအရွက်ဆီများကို တစ်ပိဿာလျှင် (၅၅၀၀)ကျပ်နှုန်းဖြင့်ရောင်းချပေးနေခြင်းဖြစ်ပြီး နံနက်(၉)နာရီမှ ညနေ (၆)နာရီအထိ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
၎င်းအသီးအရွက်ဆီများကိုဝယ်ယူရာတွင်လည်း တစ်ဦးချင်းစနစ်ဖြင့် အလည့်ကျတန်းစီဝယ်ယူရခြင်းပြီး လူတစ်ဦးလျှင် စားသုံးဆီတစ်ပိဿာနှုန်းဖြင့်သာ ရောင်းချပေးနေခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ပြင်ပဈေးကွက်၌ စားအုန်းဆီတစ်ပိဿလျှင် ငွေကျပ်(၉၀၀၀)ကျော်နှုန်းဖြင့် ပြည်သူများမှ ဝယ်ယူစားသုံးနေရခြင်းဖြစ်သည်။
အဆိုပါဈေရောင်းပွဲတော်၌ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များမှ စက်မှုထုတ်ကုန်များကို ပြခန်းပေါင်း (၁၁၃)ခန်းဖြင့် ပြသနေခြင်းဖြစ်ပြီး အခြားအသင်းအဖွဲ့များကလည်း အရောင်းပြခန်းများစွာ ပါဝင်ပြသလျက်ရှိကြောင်း သိရသည်။
အဆိုပါပွဲတော်၌ စက်မှုထုတ်ကုန်များနှင့် လျှပ်စစ်ကား(EV)ကို အထူးအလေးပေးရောင်းချပြသလျက်ရှိသော်လည်း ပြည်သူများအနေဖြင့် စားသုံးဆီများကိုသာ အများအပြားဝယ်ယူအားပေးလျက်ရှိကြောင်း တွေ့ရှိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံတော်မှ ရသင့်ရထိုက်သည့် အခွန်ငွေများကို လျော့နည်းလွတ်ကင်းမှုမရှိဘဲ အပြည့်အဝကောက်ခံနိုင်ရေး လုပ်ဆောင်သင့်ဟုဆို
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ