လေဖိအားနည်းရပ်၀န်းဖြစ်ပေါ်နေခြင်းကြောင့် ဘင်္ဂလားဒေ့ရှ် စစ်တကောင်း၌ မိုးသည်းထန်မှုဆက်လက်ဖြစ်ပေါ်ပြီးမြေပြိုနိုင်ကြောင်း သတိပေး
Htay Oung (NSS) -ဩဂုတ် ၅
ကြာသပတေးနေ့ (ဩဂုတ်လ ၄ ရက်)ညသန်းခေါင်ကျော်ကတည်းက ဘင်္ဂလားဒေ့ရှ် စစ်တကောင်းမြို့မှာ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ သောကြာနေ့ မနက်အထိ ဆက်လက်ရွာသွန်းနေတာကြောင့် မြို့တွင်းနေရာတော်တော်များများမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေရတယ်လို့ Dhaka Tribune က ဩဂုတ်လ ၄ ရက်ကရေးသားပါတယ်။
စစ်တကောင်းမြို့တော်ကော်ပိုရေးရှင်း (CCC) ရဲ့ “ဘာဟက်ဒါဟတ်" မြို့တော်ဝန်နေအိမ်ကိုလည်း လျှံတက်လာတဲ့ ရေများက ချမ်းသာပေးခြင်းမရှိပါဘူး။ လောလောဆယ်တောင် အိမ်ရှေ့လမ်းဟာ ဒူးဆစ်အထိ ရေနစ်မြုပ်နေပြီဖြစ်ပါတယ်။ မြို့တွင်းနေရာအနှံ့အပြားရှိ နေအိမ်များနဲ့ စီးပွားရေးလုပ်ငန်းအဆောက်အအုံများလည်း ရေနစ်မြုပ်သွားတဲ့အတွက် ဒေသခံများအတွက် သိသိသာသာ ဒုက္ခရောက်နေရပါတယ်။
သိုလှောင်ရုံအများအပြားတည်ရှိနေတဲ့ ဧရိယာများကို ရေ၀င်ရောက်လာတဲ့အတွက် ဆိုးဆိုးရွားရွား ပျက် စီးခဲ့ရပါတယ်။ ဆိုလိုရှာဟန် ကောလိပ်ကျောင်းနဲ့ အခြားနေရာများမှာလည်း ရေနစ်မြုပ်မှုဒဏ်ကို ခံနေရပါတယ်။
စစ်တကောင်းမြို့အတွက် ယခုလိုအဖြစ်မျိုး အဖြစ်မျိုးနဲ့ ဆက်တိုက်ဆိုသလို ကြုံတွေ့ရခြင်းဖြစ်ပြီး လွန်ခဲ့တဲ့ လေးရက်အတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့ပါတယ်။ ဩဂုတ်လ ၁ ရက်မှစပြီး မိုးအဆက်မပြတ်ရွ ာသွန်းလာခြင်းဟာ စတုတ္ထမြောက်ရက် သောကြာနေ့ နံနက်ပိုင်းအရောက် တစ်မြို့လုံးအတွက် ဆိုးရွားတဲ့ ရေကြီးရေလျှံမှု ဖြစ်လာရပါတယ်။
အချို့နေရာများရဲ့ ရေကြီးမှုဟာ ဒူးခေါင်းမှ ခါးအထိ မြင့်တက်လာတဲ့အတွက် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ပြီး မြို့တွင်းနေရာအနှံ့မှာ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိပါတယ်။
မြို့တော်၀န်နေအိမ်တည်ရှိရာ ရပ်ကွက်နေ တစ်ဦးကတော့ မိုးဆက်တိုက်ရွာသွန်းနေတဲ့အတွက် ကြာသပတေးနေ့ ညသန်းခေါင်ကျော်ကတည်းက ရေကြီးနေခြင်းဖြစ်ကြောင်း ပြောပြပါတယ်။ မြို့တော်၀န်နေအိမ်ရှေ့ ရေအမြင့်ဟာ ခါးစောင်းလောက်အထိ ရောက်လာပါပြီ။
ဘာဟက်ဒါဟတ် ဖွံ့ဖြိုးတိုးတက်ရေးဘုတ်အဖွဲ့ရုံးတည်ရာ လမ်းမကြီးမှစတင်ပြီး လမ်းများ နစ်မြုပ်နေတဲ့အတွက် ယာဉ်သွားလာမှုရပ်တန့်သွားကာ ယာဉ်ကြောပိတ်ဆို့ကုန်ကြပါတယ်။
မိုးသည်းထန် ရေကြီးမှုကြောင့် စီးပွားရေးလုပ်ငန်းအများအပြားတို့မှာ ထိခိုက်ခဲ့ရကြောင်း ဒေသတွင်းကုန်သည်များအသင်းရဲ့ ဥက္ကဋ္ဌက ပြောပြပေမယ့် ပျက်စီးဆုံးရှုံးမှု အတိုင်းအတာကို မသတ်မှတ်ရသေးဘူးလို့ ဆိုပါတယ်။
စစ်တကောင်းမိုးလေဝသဌာန လက်ထောက်မိုးလေဝသပညာရှင်ရဲ့ ပြောကြားချက်အရ သောကြာနေ့ နံနက် ၉ နာရီအထိ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း မိုးရေချိန် ၃၃ မီလီမီတာအထိ ရွာသွန်းခဲ့ကြောင်း၊ မိုးရွာသွန်းမှု အမြင့်ဆုံးအချိန်ဟာ နံနက် ၇ နာရီမှ ၈ နာရီအတွင်းဖြစ်ကြောင်း သိရှိပါတယ်။
ဒါ့ပြင် မိုးရေနဲ့အတူ ဒီရေတက်မှုကြောင့် မြို့တွင်းရေကြီးမှုကို ဖြစ်ပေါ်စေကြောင်း၊ နောက်တစ်ကြိမ် ဒီရေတက်ချိန်က မွန်းလွဲ ၂နာရီ ၃၀မိနစ်မှာ စတင်မယ်လို့သိရှိရပြီး အဲဒီနောက်ပိုင်း မြို့တွင်းရေမျက်နှာပြင် လျော့နည်းမယ်လို့ ခန့်မှန်းထားပါတယ်။
ဆက်တိုက် မိုးရွာသွန်းမှုဟာ လေဖိအားနည်းရပ်ဝန်း တည်ရှိနေတာကြောင့်ဖြစ်ပြီး နောက်တစ်ရက် သို့မဟုတ် နှစ်ရက်အတွင်း မိုးရွာသွန်းမှု ပိုမိုလာနိုင်ဖွယ်ရှိပါတယ်။ မိုးသည်းထန်စွာရွာသွန်းနိုင်တဲ့ ဒေသများအတွက် မြေပြိုမှုသတိပေးချက်ကို သက်ဆိုင်ရာက ထုတ်ပြန်ထားပါတယ်။
(Dhaka Tribune., 4 August 2023,” Chittagong faces severe flooding, mayor's home under water” ကို #HtayOung, #OungMarine ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။)
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
MSME ဥပဒေ ပြန်လည်ရေးဆွဲပြီးပါက လုပ်ငန်းအရွယ်အစား သတ်မှတ်ချက်များနှင့်အညီ မှတ်ပုံတင်လက်မှတ်ထုတ်ပေးမည်
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ