မူဆယ်မြို့ရှိ ကားဝပ်ရှော့တစ်ခု၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ တစ်ဦးသေဆုံးခဲ့ပြီး ကားနှင့်အခြား ထိခိုက်ပျက်စီးမှုများရှိခဲ့
NSS - သြဂုတ် ၅
ရှမ်းပြည်နယ်၊ မူဆယ်မြို့ရှိ ကားဝပ်ရှော့တစ်ခု၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူတစ်ဦးသေဆုံးခဲ့ပြီး ကားနှင့်အခြားထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း သတင်းရရှိသည်။
၎င်းပေါက်ကွဲမှုဖြစ်စဉ်သည် ယမန်နေ့(သြဂုတ်လ ၄ ရက်)၊ ညနေ ၄ နာရီအချိန်ခန့်တွင် မူဆယ်မြို့၊ စက်မှုရပ်ကွက်၊ ကားဝပ်ရှော့တစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မူဆယ်မြို့ခံများက NSS ကို ပြောသည်။
အဆိုပါဝပ်ရှော့၌ ကားပြုပြင်ရန် လာရောက်အပ်နှံထားသည့် ကားတစ်စီးပေါ်မှ ရုတ်တရက်ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကားသမားတစ်ယောက်က အဲဒီဝပ်ရှော့ကို ကားလာအပ်တာပေါ့။ ရှေ့တစ်ပတ်လောက်က အပ်ထားတာ။ အဲဒီကားသမားက မနေ့က ကားပေါ်မှာ ပစ္စည်းကျန်ခဲ့လို့ဆိုပြီးတော့ ပြန်လာယူတယ်။ လာယူတော့ အဲဒီအချိန်မှာ ကွဲသွားတာပေါ့။ ပစ္စည်းလာယူတဲ့သူကတော့ သေသွားတယ်။ ပွဲချင်းပြီးကို သေသွားတာပါ”ဟု မူဆယ်မြို့ခံတစ်ဦးက ပြောသည်။
ထိုသို့ ပေါက်ကွဲမှုကြောင့် ကားလာရောက်ပြုပြင်သူ အမျိုးသားတစ်ဦးသည် နေရာ၌ပင် ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး အနီးရှိ လူအချို့မှာလည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။
ထို့ပြင် ပေါက်ကွဲမှုကြောင့် ကားတစ်စီးနှင့် မော်တော်ဆိုင်ကယ်အချို့မှာလည်း ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လေဖိအားနည်းရပ်၀န်းဖြစ်ပေါ်နေခြင်းကြောင့် ဘင်္ဂလားဒေ့ရှ် စစ်တကောင်း၌ မိုးသည်းထန်မှုဆက်လက်ဖြစ်ပေါ်ပြီးမြေပြိုနိုင်ကြောင်း သတိပေး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း