ပေကျင်းသို့ လျှို့ဝှက်ချက်များ မျှဝေကြောင်း စွပ်စွဲချက်ဖြင့် အမေရိကန်ရေတပ်သား နှစ်ဦးကို ဖမ်းဆီး
Htay Oung (NSS) - သြဂုတ် ၄
အမျိုးသားလုံခြုံရေးနဲ့ပတ်သက်တဲ့ အရေးကြီးပစ္စည်းများကို တရုတ်နိုင်ငံထံ လွှဲပြောင်းပေးမှုစွပ်စွဲချက်နဲ့ အမေရိကန်ရေတပ်သားနှစ်ဦးကို ဖမ်းဆီးလိုက်ကြောင်း ဝါရှင်တန်တာဝန်ရှိသူများက ကြာသပတေးနေ့မှာ ပြောဆို တယ်လို့ Reuters က သြဂုတ်လ ၄ ရက်မှာ ရေးသားခဲ့ပါတယ်။
အမေရိကန်စစ်ဘက်ဆိုင်ရာ ထိရှလွယ်အချက်အလက်များပါ ဓာတ်ပုံနဲ့ ဗီဒီယိုများကို ပေးအပ်ဖို့အတွက် ဒေါ်လာ ၁၅,ဝဝဝ နီးပါးရယူခဲ့မှုမှာ ပူးပေါင်းကြံစည်မှု၊ လာဘ်ပေးလာဘ်ယူမှုနဲ့ ရေတပ်အရာခံဗိုလ် ဝမ်ဟန်းကျို (အသက် ၂၆ နှစ်) ကို စွဲချက်တင်ထားတယ်လို့ ဆိုပါတယ်။
အသက်အရွယ်ကို ထုတ်ဖော်ပြောကြားခြင်းမရှိတဲ့ အခြားအမေရိကန်ရေတပ် တပ်သားကြင်ချောဝေ ဟာ ဒေါ်လာ ထောင်ပေါင်းများစွာရယူပြီး ပေကျင်းထံ နိုင်ငံတော်ကာကွယ်ရေးဆိုင်ရာအချက်အလက်ပေးပို့မှုမှာ ပူးပေါင်း ကြံစည်မှုနဲ့ တရားစွဲဆိုခံထားရတယ်လို့လည်း သိရှိရပါတယ်။
အထိအခိုက်မခံနိုင်တဲ့ စစ်ဘက်ဆိုင်ရာအချက်အလက်တွေဟာ သူတို့လုပ်ရပ်ကြောင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ လက်ထဲမှာ ဂိတ်ဆုံးသွားတယ်လို့ စန်ဒီယေဂိုမြို့ သတင်းထောက်များနဲ့တွေ့ဆုံစဉ် လက်ထောက်ရှေ့နေချုပ် မတ်_အိုလ်ဆန်က ပြောပါတယ်။
ဝမ်ဟန်းကျိုအပေါ် အင်ဒို-ပစိဖိတ်ဒေသရှိ အမေရိကန်စစ်ရေးလေ့ကျင့်မှုများမှာ သူကိုင်တွယ်ရတဲ့ တရုတ်နိုင်ငံ ဆိုင်ရာအစီအစဉ်များ၊ ဂျပန်နိုင်ငံ အိုကီနာဝါကျွန်း အမေရိကန်စစ်အခြေစိုက်စခန်းရှိ ရေဒါစနစ်အတွက် အီ လက်ထရောနစ်ဓာတ်ပုံများနဲ့ အဆောက်အအုံအသေးစိတ်ပုံစံများ၊ လော့စ်အိန်ဂျလိစ်အပြင်ဘက် ကျွန်းတစ်ကျွန်း လို့ဆိုတဲ့ ဗင်တူရာနဲ့ စန်ကလီမန်တီကောင်တီရှိ အမေရိကန်ရေတပ်စခန်းများရဲ့လုံခြုံရေးဆိုင်ရာ အသေးစိတ် အချက်အလက်များကို ပေးပို့ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။
ကင်ချောဝေကတော့ သူတာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ကုန်းရေနှစ်သွယ်သွား ချေမှုန်းရေးသင်္ဘောတစ်စင်းနဲ့ လေယာဉ်တင်သင်္ဘော “ယူအက်စ်အက်စ်_အက်စ်ဆက်" အပါအ၀င် အခြားအမေရိကန်စစ်သင်္ဘောများရဲ့ လက်နက်များ၊ စက်ယန္တရားတည်ဆောက်ပုံ၊ စစ်ဆင်ရေးများအကြောင်း ဖော်ပြထားတဲ့ နည်းပညာလက်စွဲ စာအုပ် အတော်များများကို ပေါက်ကြားစေခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။
ရိုက်တာအနေနဲ့ စွပ်စွဲခံရသူနှစ်ဦးနဲ့ ဆက်သွယ်ဖို့အတွက် အသေးစိတ်အချက်အလက်တွေကို လောလောဆယ်မသိ ရှိရသေးပါဘူး။
တရုတ်ရဲ့သူလျှိုလုပ်မှုကို အမေရိကန်တာဝန်ရှိသူတွေက ကြာသပတေးနေ့ သတင်းစာရှင်းလင်းပွဲမှာ ရှုတ်ချခဲ့ပါ တယ်။
တရုတ်နိုင်ငံလောက် ကြီးမားတဲ့မျိုးဆက်ပေါင်းစုံအပေါ် ခြိမ်းခြောက်မှုမရှိသေးဘူးလို့ FBI အထူးအေးဂျင့် စတာဆီ_မွိုင်က မှတ်ချက်ပေးပါတယ်။ ကမ္ဘာ့ပြိုင်ဘက်ကင်း စူပါပါဝါဖြစ်လာရေး မဟာဗျူဟာစီမံချက်အရ အမေရိကန်ကို တိုက်ခိုက်ဖို့အတွက် ပေကျင်းမှာ ဘာကိုမှတုံ့ဆိုင်းနေမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
စွပ်စွဲချက်များနဲ့ပတ်သက်ပြီး မှတ်ချက်ပေးရန် မေတ္တာရပ်ခံချက်ကို ဝါရှင်တန်အခြေစိုက်တရုတ်သံရုံးက လောလော ဆယ် အဖြေပေးခြင်းမရှိပါဘူး။
အမျိုးသားလုံခြုံရေးကုန်သွယ်ရေးဆိုင်ရာကိစ္စရပ်များအတွက် အမေရိကန်-တရုတ်တို့ရဲ့ဆက်ဆံရေးဟာ နှစ်ပေါင်း များစွာ တင်းမာနေပါတယ်။ သူလျှိုလုပ်မှု-ဆိုက်ဘာတိုက်ခိုက်မှုတွေအတွက် အမေရိကန်က တရုတ်အပေါ် စွပ်စွဲ ခဲ့ပြီး ပေကျင်းက ပယ်ချခဲ့ပါတယ်။ သူတို့ကိုယ်တိုင်လည်း သူလျှိုတွေရဲ့ခြိမ်းခြောက်မှုခံနေရတယ်လို့ တရုတ်က ကြေညာထားပါတယ်။
#တရုတ်သို့လျှို့ဝှက်အချက်အလက်များပေးပို့မှု #လေယာဉ်တင်သင်္ဘော_ယူအက်စ်အက်စ်_အက်စ်ဆက်
#အမေရိကန်ရေတပ်သားနှစ်ဦး #အမေရိကန်စစ်အခြေစိုက်စခန်းများ_တည်ဆောက်ပုံ
(Reuters., 4 August 2023,” Two US Navy sailors arrested on charges of sharing secrets with China” ကို #HtayOung, #OungMarine ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။)
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြင်သစ်နှင့် စစ်ရေးသဘောတူညီမှုအားလုံးကို ရပ်ဆိုင်းလိုက်ကြောင်း နိုင်ဂျာစစ်အစိုးရ ပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း