စည်ပင်အရာရှိတစ်ဦး ကားမောင်းလာစဥ် သေနတ်ဖြင့်ပစ်သတ်ခံရမှု မြစ်ကြီးနားမြို့တွင်ဖြစ်ပွား
NSS - ဩဂုတ် ၄
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် စည်ပင်အရာရှိတစ်ဦး ကားမောင်လာစဉ် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (ဩဂုတ်လ ၃ ရက်)၊ ည ၇နာရီခွဲအချိန်တွင် မြစ်ကြီးနားမြို့၊ အေးမြ သာယာရပ်ကွက်၊ သံလမ်းကူး အဝင်ဆိုင်းဘုတ်အနီးတွင် ဖြစ်ပွားခဲ့ကြောင်း ကချင်ပြည်နယ်ရှိ လူမှုကူညီရေးအသင်းထံမှ သိရသည်။
“သူကလမ်းမဘက်ကနေ ဆင်းလာပြီး အေးမြသာယာရပ်ကွက်မှ ကြိုဆိုပါ၏ဆိုတဲ့ မုဒ်ဝသံလမ်းနားမှာ အပစ်ခံရတာ။ အပစ်ခံရတော့ သူ့ကားရှေ့က ဆိုင်ကို ဝင်တိုက်မိတယ်။ ဆိုင်ကယ်နှစ်စီးက ကားဘေးတစ်ဖက်တစ်ချက်ကနေ ညှပ်ပစ်တယ်လို့ ယူဆရတယ်”ဟု အဆိုပါလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
သေနတ်ဖြင့်ပစ်သတ်ခံရသူသည် နမ္မတီးစည်ပင်ရုံးမှ အသက်(၃၇)နှစ်အရွယ် စည်ပင်အရာရှိ ကိုဖြိုးဝေဆန်းဖြစ်ပြီး ရုံးမှအိမ်သို့ပြန်လာစဉ် ပစ်သတ်ခံခဲ့ရသည်ဟု ယူဆရကြောင်း အထက်ပါ လူမှုကယ်ဆယ်ရေးအသင်းမှ ဆက်လက်ပြောကြားခဲ့သည်။
“တစ်ဖက်ကပစ်တာက လက်မှာထိတယ်။ တဖက်ကပစ်တာက ပါးမှာထိတယ်ပေါ့နော်။ ကားပေါ်မှာက သူတစ်ယောက်တည်းပါတာပါ” ဟု ၎င်းကဆက်လက်ပြောသည်။
ထိုသို့ သေနတ်ဖြင့်ပစ်သတ်ခံရမှုကြောင့် ကိုဖြိုးဝေဆန်းတွင် ဘယ်လက်ကျည်ဒဏ်ရာ (၂)ချက်၊ ဘယ်ပါးကျည်ဒဏ်ရာတစ်ချက်ဖြင့် အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ပြီး ၎င်းအား မြစ်ကြီးနားပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းမှ SME/ MSMEs များပါ ပါဝင်နိုင်သည့် အာဆီယံအွန်လိုင်းအရောင်းအဝယ်နေ့ကို နှစ်ပတ်ကြာ ကျင်းပသွားမည်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း