မော်လမြိုင်မြို့မှ နှစ်ပေါင်း(၁၀၀)ကျော်သက်တမ်းရှိ အထက(၉)အခြေခံပညာအထက်တန်း ကျောင်း၌ မီးလောင်မှုဖြစ်ပွား
သန့်ဇင် (NSS) - ဩဂုတ် ၄
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ နှစ်ပေါင်း(၁၀၀)ကျော်သက်တမ်းရှိ အထက(၉)အခြေခံပညာအထက်တန်းကျောင်း၌ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း အေးမြကြည်လင်လူမှုကူညီရေးအသင်းထံမှ သိရသည်။
အဆိုပါဖြစ်စဉ်သည် ယနေ့ (ဩဂုတ်လ ၄ ရက်)၊ နံနက် အစောပိုင်း ၀ နာရီ ၄၀မိနစ်ခန့်တွင် မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ကွက်ရှိ အထက(၉)အခြေခံပညာအထက်တန်းကျောင်း၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ဘယ်လိုဖြစ်ပြီးလောင်လဲတော့မသိဘူး စစ်ဆေးနေတုန်းပါ။ စလောင်တာကတော့ ကျောင်း အုပ်ကြီး ရုံးခန်းကစလောင်တယ်လို့ပြောတယ်”ဟု အေးမြကြည်လင်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
မီးလောင်ခဲ့သောကျောင်းသည် နှစ်ပေါင်း(၁၀၀)ကျော်သက်တမ်းရှိပြီး အဆိုပါမီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများစွာရှိခဲ့ကြောင်း သိရသည်။
“ကျောင်းက နှစ်(၁၀၀)သက်တမ်းရှိပြီလို့ပြောကြတယ်ဗျ။ ကျောင်းက နှစ်ထပ်ဆောင်ရယ် သုံးထပ်ဆောင် အပေါ်ပိုင်းရယ်ပါသွားတယ်ဗျ။ စာသင်ခန်းက(၁၂)ခန်း၊ ရုံးခန်းက(၁)ခန်း၊စာရေးရုံးအဖွဲ့နားနေခန်းက(၁)ခန်းရယ်။ ဆရာ/ဆရာမ နားနေခန်းက(၁)ခန်းရယ် ပါသွားတာပါ”ဟု ၎င်းက ဆက်လက်ပြောသည်။
အဆိုပါကျောင်းမီးလောင်မှုအား မီးသတ်တပ်ဖွဲ့နှင့် အခြားသောအသင်းအဖွဲ့များမှ Level 4 အဆင့်ဖြင့် ၄ နာရီခန့်ကြာမီးငြှိမ်းသတ်ခဲ့ရပြီး ဆောင်ရွက်နေစဉ် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး လက်ကွဲဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် မီးလောင်ခဲ့သောကျောင်းအား ခေတ္တယာယီပိတ်ထားရပြီး ကျောင်းပြန်ဖွင့်မည့်ရက်အား ပြန်လည်အသိပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နေတိုးအဖွဲ့ရဲ့အာရှဒေသကို နယ်မြေချဲ့ထွင်ခြင်းမယ့်လုပ်ရပ်များကို မထောက်ခံဖို့ ဂျပန်နိုင်ငံကို တရုတ်အစိုးရ သတိပေး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း