မြန်မာနိုင်ငံ၏ ခရီးသွားဆွဲဆောင်မှုအလှများအား ဖော်ထုတ်မြှင့်တင်ရန် Tourism & Green Investments ရောင်စုံဓာတ်ပုံပြိုင်ပွဲကျင်းပမည်
စော (NSS) - ဩဂုတ် ၃
Tourism & Green Investments ရောင်စုံဓာတ်ပုံပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်ဓာတ်ပုံများဖိတ်ခေါ်နေကြောင်း သိရသည်။
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ယမန်နေ့(ဩဂုတ်လ ၃ရက်)ထုတ် နိုင်ငံပိုင်သတင်းစာများတွင် အထက်ပါကဲ့သို့ကြေညာထားခြင်းဖြစ်သည်။
အဆိုပါရောင်စုံဓာတ်ပုံပြိုင်ပွဲတွင် ပထမဆုအတွက် (၇)သိန်း၊ ဒုတိယဆုအတွက် (၅)သိန်းနှင့် တတိယဆုအတွက် (၃)သိန်း ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ခရီးသွားဆွဲဆောင်မှုအလှများအား ဖော်ထုတ်မြှင့်တင်ရန်အတွက် Tourism & Green Investments ရောင်စုံဓာတ်ပုံပြိုင်ပွဲကို နေပြည်တော်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲဝင်သူများသည် မည်သည့်ကင်မရာအမျိုးအစားကိုမဆို အသုံးပြုခွင့်ရှိပြီး ဒီဂျစ်တယ်နည်းပညာဖြင့် ပြုပြင်ထားသောပုံမဖြစ်ရန်နှင့် အခြားပြိုင်ပွဲများတွင် ဆုရထားသောပုံများ မဖြစ်ရန် လိုအပ်ကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် ပြည်တွင်း၊ ပြည်ပ ဓာတ်ပုံပြိုင်ပွဲများတွင် ဆုရရှိခဲ့သောပုံများနှင့် စီးပွားရေးကြော်ငြာများ၊ ပုံနှိပ်ထုတ်ဝေမီဒီယာများ၊ ဝက်ဘ်ဆိုက်များတွင် အသုံးပြုပြီးသောပုံများမဖြစ်ရန် လိုအပ်ကြောင်း သိရသည်။
ပြိုင်ပွဲဝင်သူများအနေဖြင့် တရားဝင်နာမည်တစ်ခုဖြင့်သာ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အမည်ခွဲများ၊ ကလောင်အမည်များဖြင့် ဝင်ရောက်ယှဉ်ပြိုင်ပါက အဆိုပါပြိုင်ပွဲ၏ဆုကို ပယ်ဖျက်ခြင်းခံရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
ပြိုင်ပွဲဝင်ဓာတ်ပုံများကို ဩဂုတ်လ (၈)ရက်မှစတင်၍ ဩဂုတ်လ (၂၃)ရက် ညနေ (၃)နာရီအထိပေးပို့နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ပြိုင်ပွဲဝင်လျှောက်လွှာပုံစံနှင့် စည်းကမ်းချက်များကို https://moht.qrd.by/wtd2023 တွင်လည်း Download ရယူနိုင်ကြောင်း ထုတ်ပြန်ထားသည်။
ဆုချီးမြှင့်ပွဲကို ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ဖြစ်သည့် စက်တင်ဘာလ (၂၇)ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကန်တော်ကြီးရေပြင်အတွင်း စိတ်ကျန်းမာရေးမကောင်းသူတစ်ဦး ရေနစ်သေဆုံးမှုဖြစ်ပွား
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း