ကန်တော်ကြီးရေပြင်အတွင်း စိတ်ကျန်းမာရေးမကောင်းသူတစ်ဦး ရေနစ်သေဆုံးမှုဖြစ်ပွား
သန့်ဇင်(NSS) - ဩဂုတ် ၃
ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ကန်တော်ကြီးရေပြင်အတွင်း၌ စိတ်ကျန်းမာရေးမကောင်း သော လူငယ်တစ်ဦး ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ်လူမှုကူညီရေးအသင်းထံမှ သိရသည်။
အဆိုပါရေနစ်သေဆုံးမှုဖြစ်စဉ်သည် ယနေ့ (ဩဂုတ်လ ၃ရက်)၊ နံနက် ၈နာရီခွဲအချိန်ခန့်တွင် ဗဟန်းမြို့နယ်၊ ကန်တော်ကြီးရေပြင်၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“သူက ပါလာတဲ့ပစ္စည်းလေးတွေချပြီးတော့ ခုန်ချသွားတာပါ။ သူကစိတ်ကျန်းမာရေးသိပ်မကောင်းဘူး” ဟု မင်္ဂလာတောင်ညွှန့်မြို့နယ် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
ရေနစ်သေဆုံးသူမှာ တာမွေမြို့နယ်၊ မအူကုန်းရပ်ကွက်တွင်နေထိုင်သည့် အသက်(၂၅)နှစ်ဝန်းကျင်အရွယ်ရှိသူ အမျိုးသားတစ်ဦးဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့လဲ (၁၂)ကျော်လောက်မှဆယ်ပြီးတာပါ။ ရေကန်ထဲကိုမြုပ်နေလို့ ရှာရတာမလွယ်ဘူးလေ။ မိသားစုနဲ့လဲအဆက်အသွယ်ရပါတယ်”ဟု ၎င်းကဆက်လက်ပြောသည်။
လက်ရှိတွင် အဆိုပါရေနစ်သေဆုံးသူအား မင်္ဂလာတောင်ညွှန့်မြို့နယ်လူမှုကူညီရေးအသင်းမှကားဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အရန်ဆန် ဧည့်မထတွေကို ရန်ကုန်မှာ နောက်တစ်ပါတ်အတွင်း ဆန်စပါးအသင်းချုပ်ကရောင်းချမည်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း