ရန်ကုန်မြို့ရှိ အလှပြင်ဆိုင်တစ်ခု၌ ဝန်ထမ်းများကို လက်နက်ပြခြိမ်းခြောက်ကာ ကြိုးတုတ်ပြီးနောက် ဖုန်းလုယက်မှုဖြစ်ပွား
NSS - သြဂုတ် ၃
ရန်ကုန်မြို့ရှိ အလှပြင်ဆိုင်တစ်ခု၌ ဝန်ထမ်းများကို လက်နက်ပြခြိမ်းခြောက်ကာ ကြိုးတုတ်ပြီးနောက် ဖုန်းလုယက်သွားမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့(သြဂုတ်လ ၃ ရက်)၊ နေ့လည် ၁၂ နာရီအချိန်ခန့်တွင် ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်၊ (၁၃)ရပ်ကွက်၊ သစ္စာလမ်းရှိ The Skin Studio အလှပြင်ဆိုင်၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူက NSS ကို ပြောသည်။
လက်ရှိတွင် စိစစ်နေဆဲဖြစ်သော အမျိုးသားတစ်ဦးသည် အလှပြင်ဆိုင်အတွင်းသို့ ဝင်ရောက်လာကာ သေနတ်အတိုတစ်လက်ဖြင့် ခြိမ်းခြောက်ပြီးနောက် ဆိုင်ဝန်ထမ်းအမျိုးသမီး(၄)ဦးကို ကြိုးတုတ်ကာ ပါးစပ်တို့အား တိပ်ဖြင့် ပိတ်ခဲ့ကြောင်း သိရသည်။
“ဖြစ်စဉ်က မှန်ပါတယ်။ ရန်ကင်း (၁၃)ရပ်ကွက် အမကကျောင်းရှေ့က အလှပြင်ဆိုင်မှာ ဖြစ်သွားတာပါ။ ကောင်မလေးတွေကို သေနတ်အတိုပြ ခြိမ်းခြောက်ပြီး ကြိုးတုတ်ပြီးတော့ ဖုန်း(၃)လုံးကို လုသွားတာပါ”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူက ပြောသည်။
ထို့နောက် အထက်ပါအမျိုးသားသည် ဆိုင်းအတွင်းရှိ ငွေကြေးအချို့နှင့် ဖုန်း(၃)လုံးကို လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်များအနေဖြင့် လုယက်မှုကျူးလွန်သော အမျိုး သားအား ဖမ်းဆီးရမိရေးအတွက် ပိတ်ဆို့ရှာဖွေမှုများ ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရေကြီးရေလျှံမှုကြောင့် ကယ်ဆယ်ရေးစခန်း(၁၀)ခုနီးပါး ဖွင့်လှစ်ထားရသည့် ဘီးလင်းမြို့၌ သောက်သုံးရေများ အရေးပေါ်လိုအပ်နေ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း