Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အနောက်အုပ်စုနိုင်ငံများ၏ မပြတ်သားသည့်ဆုံးဖြတ်ချက်များက ပြည်သူတွေကို ပိုမိုသေဆုံးစေခဲ့ဟု ယူကရိန်းအစိုးရဝေဖန်

Pika (NP News) - ဇန်နဝါရီ ၂၂

တစ်နှစ်နီးပါးရှိလာပြီဖြစ်သော ရုရှားနှင့်စစ်ပွဲတွင် ယူကရိန်း၏စစ်ရေးစွမ်းရည်များ ပိုမိုကောင်းမွန်လာစေရန် ဂျာမန် ထုတ် Leopard တင့်ကားများ ပေးပို့ရန်တောင်းဆိုနေခြင်းကို ဂျာမနီဖက်က တုံ့ဆိုင်းနေမှုအပေါ် မဟာမိတ်နိုင်ငံများက ပြတ်ပြတ်သားသားဆုံးဖြတ်နိုင်ခြင်းမရှိမှုများနှင့်ပတ်သက်ပြီး ယူကရိန်းအစိုးရက ပြစ်တင်ဝေဖန်ခဲ့ကြောင်းလည်း သိရသည်။

ရုရှားတပ်ဖွဲ့များကို ပြန်လည်တိုက်ခိုက်ရန်အတွက် လိုအပ်သောတင့်ကားများနှင့် ခဲယမ်းမီးကျောက်များ အပါအဝင် အမေရိကန်ဒေါ်လာ (၅ဝ)ဘီလျံတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာပစ္စည်းများ ယူကရိန်းသို့ ထောက်ပံ့ပေးရန် နိုင်ငံပေါင်း (၅ဝ)က သဘောတူညီထားကြောင်း သိရသည်။

ဂျာမနီကာကွယ်ရေးဝန်ကြီး ဘိုးရစ်ပစ်စတိုးရီးယက်စ်က "Leopardတင့်ကားတွေ ပေးပို့မယ့်ကိစ္စနဲ့ပတ်သက်ပြီး ဘယ်အချိန်မှာ ဆုံးဖြတ်ချက်ချမယ်ဆိုတာကိုတော့ ကျွန်တော်တို့ မပြောနိုင်သေးပါဘူး" ဟု ပြောဆိုခဲ့သည်။ ယူကရိန်းသမ္မတဇီလန်စကီး၏အကြံပေး Mykhailo Podolyak က "မဟာမိတ်နိုင်ငံတွေရဲ့ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက် မချနိုင်တာတွေက ကျွန်တော်တို့ ပြည်သူတွေကို သတ်ဖြတ်နေသလိုပါပဲ။ နေ့ရက်တိုင်း နှောင့်နှေးမှု တွေက ယူကရိန်းနိုင်ငံသားတွေကို ပိုပြီး သေဆုံးစေတာပါ။ မြန်မြန်စဉ်းစားကြပါ" ဟု ပြောဆိုခဲ့သည်။

ဘော်လ်တစ်ဒေသ သုံးခုမှ နိုင်ငံခြားရေးဝန်ကြီးများက ယူကရိန်းသို့ ဂျာမန်ထုတ် Leopard တင့်ကားများ ထောက်ပံ့ ပေးရန် ဂျာမနီနိုင်ငံကို တိုက်တွန်းတောင်းဆိုခဲ့ကြောင်းလည်း သိရသည်။ လတ်ဗီးယား၊ အက်စတိုးနီးယား နှင့် လစ်သူယေးနီးယားနိုင်ငံခြားရေးဝန်ကြီးများ က "ရုရှားရဲ့တိုက်ခိုက်မှုတွေကို ရပ်တန်ဖို့၊ ယူကရိန်းကို ကူညီဖို့နဲ့ ဥရောပမှာ ငြိမ်းချမ်းရေးကို ပြန်လည်ထိန်းသိမ်းဖို့က တကယ်ကို လိုအပ်ပါတယ်။ ဥရောပရဲ့ ထိပ်တန်းနိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ဂျာမနီဟာ ဒီကိစ္စမှာ အထူးတာဝန်ရှိပါတယ်" ဟု ပြောဆိုခဲ့သည်။ ယူကရိန်းသို့ တင့်ကားများပေးပို့ရန်အတွက် ဂျာမနီနိုင်ငံ ဘာလင်မြို့ရှိ ဖက်ဒရယ် အဓိပတိအဆောက်အဦး အပြင်ဖက်တွင် လူရာနှင့်ချီ ဆန္ဒပြခဲ့ကြောင်းလည်း သိရသည်။

Zawgyi Version;







Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဝန်ကြီးချုပ်မိုဒီကို ဝေဖန်တိုက်ခိုက်ထားတဲ့ ဘီဘီစီသတင်းဌာနရဲ့ documentary ကို အိန္ဒိယနိုင်ငံမှာ ပြသကြည့်ရှုခွင့် ပိတ်ပင်ထား

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved