Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပြင်သစ်သို့ ယူရေနီယံနှင့်ရွှေများ တင်ပို့မှုကို တားမြစ်ပိတ်ပင်ခဲ့ကြောင်း နိုင်ဂျာစစ်ခေါင်းဆောင် ပြော

Pika (NSS) - သြဂုတ် ၂

ပြီးခဲ့သည့်ရက်ပိုင်းက ဖြစ်ပွားခဲ့သော အာဏာသိမ်းယူမှုနှင့်ပတ်သက်ပြီး နိုင်ဂျာနိုင်ငံသို့ ကူညီပေးနေသည့် အကူအညီများအားလုံးကို  ပြင်သစ်အစိုးရက ဆိုင်းငံ့လိုက်ပြီးနောက် ဇူလိုင်လ(၃ဝ)ရက်တွင် နိုင်ဂျာအစိုးရသည် ပြင်သစ်သို့ ယူရေနီယံနှင့် ရွှေများတင်ပို့မှုကို တားမြစ်ပိတ်ပင်ခဲ့ကြောင်း သိရသည်။

အဆိုပါဆုံးဖြတ်ချက်ကို ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ထားသော နိုင်ဂျာသမ္မတမိုဟာမက်ဘာဇွန်ကို ရာထူးမှ ဖြုတ်ချခဲ့သော စစ်တပ်ခေါင်းဆောင် Abdourahamane Tiani က ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


Niamey မြို့တွင် ပြင်သစ်ဆန့်ကျင်ရေးဆန္ဒပြမှုများအတွင်း ထောင်နှင့်ချီသော စစ်အစိုးရထောက်ခံသူများသည် Abdourahamane Tiani ၏ လုပ်ရပ်ကို ထောက်ခံခဲ့ကြပြီး  ပြင်သစ်အလံများကို မီးရှို့ကာဖျက်ဆီးခဲ့ကြကြောင်း သိရသည်။ ဆန္ဒပြသူတစ်ဦး က "ကျွန်တော်တို့မှာ ယူရေနီယံ၊ စိန်၊ ရွှေ နဲ့ ဆီတွေ အလုံအလောက်ရှိပါတယ်။ ကျွန်တော်တို့ကို လုံခြုံအောင်ထားဖို့ ပြင်သစ်ကို မလိုအပ်ပါဘူး" ဟု ပြောခဲ့သည်။

နိုင်ဂျာနိုင်ငံသည် ကမ္ဘာပေါ်တွင် ယူရေနီယံအများဆုံးထုတ်လုပ်သည့် သတ္တမမြောက်နိုင်ငံဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ယူရေနီယံထွက်ရှိမှု စုစုပေါင်း၏ (၅)ရာခိုင်နှုန်းခန့် ထုတ်လုပ်ကြောင်း ကမ္ဘာ့နျူကလီးယားအသင်း၏အဆိုအရ သိရသည်။

ပြင်သစ်နိုင်ငံသည် လျှပ်စစ်ဓါတ်အားထုတ်လုပ်ရန်အတွက် ယူရေနီယံ(၁၅)ရာခိုင်နှုန်း မှ (၁၇)ရာခိုင်နှုန်းအထိ အသုံးပြုကြောင်း ပြင်သစ်မီဒီယာများ က ဖော်ပြခဲ့သည်။ နိုင်ဂျာနိုင်ငံသည် ပြီးခဲ့သည့်နှစ်တွင် ဥရောပသမဂ္ဂသို့ ယူရေနီယံထောက်ပံ့မှု ဒုတိယအများဆုံးနိုင်ငံဖြစ်ခဲ့ကြောင်း ဥရောပအဏုမြူစွမ်းအင်အဖွဲ့အစည်း Euratom က ပြောကြားခဲ့သည်။


ဥရောပသမဂ္ဂတွင် နျူကလီးယားဓါတ်ပေါင်းဖိုများမှာ အသုံးပြုသည့် ယူရေနီယံများ သုံးနှစ်စာ အလုံအလောက်ရှိ သောကြောင့် နိုင်ဂျာအနေဖြင့် ဥရောပသမဂ္ဂသို့ ယူရေနီယံထောက်ပံ့မှုများကို ဆိုင်းငံ့ထားမည်ဆိုလျှင်တောင် နျူကလီးယားဓါတ်အားထုတ်လုပ်ခြင်းအတွက် ခြိမ်းခြောက်မှုများမရှိကြောင်း Euratom က ပြောကြားခဲ့သည်။

ပြင်သစ်နျူကလီးယားစွမ်းအင်ကဏ္ဍအပေါ် Niger ၏ ယူရေနီယံတင်ပို့မှု တားမြစ်ပိတ်ပင်လိုက်ခြင်းသည် ချက်ချင်း အကျိုးသက်ရောက်မှုများရှိမည်မဟုတ်သော်လည်း ကမ္ဘာ့ယူရေနီယံဈေးနှုန်းများ ပိုမိုမြင့်တက်လာနိုင်ဖွယ်ရှိ ကြောင်း ရုရှားနျူကလီးယားသတင်းဝက်ဘ်ဆိုက် Atominfo ၏ အယ်ဒီတာ Alexander Uvarov က ပြောကြားခဲ့ သည်။ အာဏာသိမ်းမှုများဖြစ်ပွားပြီးနောက် နိုင်ဂျာနိုင်ငံတွင်းရှိ ပြင်သစ် နှင့် ဥရောပနိုင်ငံသားများကို ကယ်ဆယ် ရွှေ့ပြောင်းရေးများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြင်သစ်အစိုးရက ထုတ်ပြန်ကြေညာခဲ့သည်။ ထို့နောက်  နိုင်ဂျာနိုင်ငံတွင်းမှ ထွက်ခွာလာသူ(၂၆၂)ဦးကို သယ်ဆောင်လာသည့် ပြင်သစ်၏ ပထမဆုံးလေယာဉ်သည် ဩဂုတ်လ(၂)ရက် နံနက်(၁)နာရီခွဲအချိန်တွင် ပဲရစ်မြို့ရှိ Roissy Charles de Gaulle လေဆိပ်သို့ ဆင်းသက်ခဲ့ ကြောင်း သတင်းရင်းမြစ်တစ်ခု က ပြောကြားခဲ့သည်။ 

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးကတ်သရင်းကိုလွန်နာ က "အဲဒီလေယာဉ်ပေါ်မှာ ကလေးငယ်တစ်ဒါဇင် အပါအဝင် လူပေါင်း (၂၆၂)ဦး လိုက်ပါခဲ့ပါတယ်" ဟု ပြောခဲ့သည်။ နိုင်ဂျာနိုင်ငံသည် (၁၉၂၂)ခုနှစ်မှ စတင်ကာ  ပြင်သစ် လက်အောက်ခံ ကိုလိုနီနယ်မြေတစ်ခုဖြစ်ခဲ့ပြီး (၁၉၆ဝ) ခုနှစ်တွင် လွတ်လပ်ရေးရရှိခဲ့ကြောင်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ယနေ့ သြဂုတ်လ ၂ ရက်အတွင်းဖြစ်ပွားခဲ့သော မြန်မာ့နိုင်ငံရေးသတင်းများနှင့် နိုင်ငံတကာမှ သတင်းထူးများ

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved