မြင့်တက်ဆဲ ကုန်ဈေးနှုန်းကို ထိန်းချုပ်ရန် ဝန်ကြီးဦးအောင်နိုင်ဦးအား ဦးဆောင်စေကာ ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်းရေးကော်မတီကို နစက ဖွဲ့စည်း
မျိုးကြီး (NSS) - သြဂုတ် ၂
မြင့်တက်နေဆဲ ကုန်ဈေးနှုန်းများကို ထိန်းချုပ်ရန် ဝန်ကြီးဦးအောင်နိုင်ဦးအား ဦးဆောင်စေကာ ပြည်ထောင်စုကုန်ဈေးနှုန်း တည်ငြိမ်းရေးကော်မတီကို နစကမှ ဖွဲ့စည်းထားသည်။
နိုင်ငံအတွင်း ပြည်သူများ၏ စားဝတ်နေရေးပြေလည်မှုကို ရှေးရှုကာ အခြေခံစားသောက် ကုန်ဈေးနှုန်းများအပါအဝင် ကုန်ဈေးနှုန်းတည်ငြိမ်းရေးကို ထိန်းသိမ်းဆောင်ရွက်ရန်အတွက် ၎င်းကော်မတီကို ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း နစကမှ အသိပေးထားသည်။
ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီတွင် ဥက္ကဋ္ဌအဖြစ် စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဦးအောင်နိုင်ဦးကို တာဝန်ပေးအပ်ထားပြီး ကော်မတီဒုဥက္ကဋ္ဌအဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဒုဝန်ကြီးကို နစကမှ တာဝန်ပေးထားသည်။
ထို့ပြင် ယင်းကော်မတီတွင် ပြည်ထဲရေး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး၊ စီမံကိန်းနှင့်ဘဏ္ဍာရေး၊ သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေး၊ စွမ်းအင်၊ စက်မှု၊ အလုပ်သမားနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများကိုလည်း အဖွဲ့ဝင်များအဖြစ် တာဝန်ပေးဖွဲ့စည်းထားသည်။
ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီကို ဥက္ကဋ္ဌအပါအဝင် စုစုပေါင်း (၁၉)ဦးဖြင့် နစကမှ ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ပြီး အခြေခံစားကုန်ပစ္စည်းများဖြစ်သည့် ဆန်၊ စားသုံးဆီနှင့် မီးဖိုချောင်သုံးကုန်ပစ္စည်းများ ဈေးနှုန်းတည်ငြိမ်းရေးကို ဦးစားပေးဆောင်ရွက်ရန် တာဝန်ပေးအပ်ထားသည်။
ကုန်ပစ္စည်းထွက်ရှိရာဒေသများမှ စားသုံးသည့်ဒေသများသို့ သယ်ဆောင်ရာတွင် သယ်ယူစရိတ်ကြီးမြင့်ခြင်း၊ ကြားခံအဆင့်များပြားခြင်း၊ သယ်ယူရာတွင် လမ်းခရီး၌ မလိုအပ်ဘဲ ထိန်းချုပ်ခြင်းများ မဖြစ်ပေါ်စေရေး ညှိနှိုင်းဆောင်ရွက်ရန်လည်း နစကမှ တာဝန်ပေးထားသည်။
အခြေခံစားကုန်ပစ္စည်းများကို ကုန်ဈေးနှုန်းတည်ငြိမ်မှု ပျက်ပြားစေမည့် ကိစ္စရပ်များကို ဥပဒေနှင့်အညီ ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီက ကြီးကြပ်သွားရန် တာဝန်ရှိကြောင်း သိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံအတွင်း၌ ဆန်ဈေး၊ ဆီဈေးအပါအဝင် အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ပြည်သူများခံစားနေရပြီး ယင်းဒဏ်ခံစားနေရသည်မှာ အချိန်ကာလအတော်ကြာနေပြီ ဖြစ်သည်။
ထို့ကြောင့် နိုင်ငံအတွင်း၌ မြင့်တက်နေဆဲဖြစ်သည့် အခြေခံစားသောက်ကုန်ဈေးနှုန်းများ တည်ငြိမ်ကျဆင်းရေးအတွက် ဝန်ကြီးဦးအောင်နိုင်ဦး ဦးဆောင်သော ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ၏ လုပ်ငန်းဆောင်တာများသည် အများပြည်သူအတွက် မည်မျှအကျိုးသက်ရောက်မည်ကို စောင့်ကြည့်သွားရန် လိုအပ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းဘုရင်စနစ်အပေါ်ဝေဖန်သူတွေကို အပြစ်ပေးတဲ့ပုဒ်မကို ပြင်ဆင်ဖို့ထက် နိုင်ငံစီးပွားရေးနဲ့ပြည်သူတွေရဲ့ဘဝ ပိုမိုကောင်းမွန်ရေးကိုသာ ဦးစားပေးလုပ်ကိုင်မယ်လို့ ဖြူထိုင်းပါတီခေါင်းဆောင်ပြော
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း