ထိုင်းဘုရင်စနစ်အပေါ်ဝေဖန်သူတွေကို အပြစ်ပေးတဲ့ပုဒ်မကို ပြင်ဆင်ဖို့ထက် နိုင်ငံစီးပွားရေးနဲ့ပြည်သူတွေရဲ့ဘဝ ပိုမိုကောင်းမွန်ရေးကိုသာ ဦးစားပေးလုပ်ကိုင်မယ်လို့ ဖြူထိုင်းပါတီခေါင်းဆောင်ပြော
ဂျန်ဇက် (NSS) - သြဂုတ် ၂
ထိုင်းဘုရင်စနစ်အပေါ်ဝေဖန်သူတွေကို အပြစ်ပေးတဲ့ပုဒ်မ ၁၁၂ ကို ပြင်ဆင်ခြင်းထက် နိုင်ငံစီးပွားရေး နဲ့ ပြည်သူ တွေရဲ့ ရှင်သန်နေထိုင်မှုဘဝတွေ ပိုမိုကောင်းမွန်ရေးလုပ်ဆောင်ဖို့သာ အဓိကဦးတည်ထားကြောင်း ဖြူထိုင်းပါတီ ခေါင်းဆောင်ဖြစ်သူ ဆာရက်သာ တာဗီဆင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဝန်ကြီးချုပ်လောင်းအဖြစ် ရေပန်းစားနေသလို ဖြူထိုင်းပါတီရဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဆာရက်သာ တာဗီဆင် က ၎င်းရဲ့အဓိကဦးစားပေးမူဝါဒတွေထဲမှာ ထိုင်းဘုရင် နဲ့ တော်ဝင်မိသားစုတို့အပေါ် ဝေဖန်ပြစ်တင်သူတွေကို အပြစ်ပေးမယ့်ဥပဒေပုဒ်မတွေကို ပြင်ဆင်ပြောင်းလဲရေးအချက် မပါဝင်ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ထိုင်းလွှတ်တော်ဟာ ဝန်ကြီးချုပ်အသစ်ရွေးချယ်ပွဲကို လာမယ့် သြဂုတ်လ ၄ ရက်မှာ ကျင်းပဖို့ စီစဉ်ထားပြီး ဖြူထိုင်းပါတီက ဝန်ကြီးချုပ်လောင်းကို အဆိုပြုတင်သွင်းသွားဖွယ်ရှိနေကြောင်း သိရပါတယ်။
၎င်းက "ကျွန်တော်တို့ဟာ နိုင်ငံရှေ့ဆက်ပြီး တိုးတက်အောင်မြင်ဖို့ နဲ့ အစိုးရအသစ် အမြန်ဆုံးဖွဲ့နိုင်ဖို့ ဆန္ဒရှိတယ် ဆိုရင် လက်ရှိအချိန်မှာ ထိုင်းဘုရင် နဲ့ တော်ဝင်မိသားစုတွေအပေါ် ဝေဖန်တိုက်ခိုက်သူတွေကို အပြစ်ပေးမယ့် ဥပဒေပုဒ်မ ၁၁၂ ကို ပြင်ဆင်ပြောင်းလဲဖို့ ဘေးဖယ်ထားရမှာဖြစ်တယ်။ ဖြူထိုင်းပါတီရဲ့ အဓိကဦးစားပေးအစီအစဉ် တွေဟာ နိုင်ငံစီးပွားရေးနဲ့ ပြည်သူတွေရဲ့ရှင်သန်နေထိုင်မှုနဲ့ပတ်သက်တဲ့ အဓိကပြဿနာတွေကို ဖြေရှင်း ဆောင်ရွက်ပေးရေးသာဖြစ်တယ်။ စီးပွားရေးတိုးတက်ကောင်းမွန်ဖို့ နဲ့ ပြည်သူတွေ အစားစာပုံမှန်စားသောက်ခွင့် ရရှိရေးတို့က စိုးရိမ်ရမယ့်အချက်တွေထဲ ပါဝင်နေတယ်" လို့ ပြောပါတယ်။
ဖြူထိုင်းပါတီဟာ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးချိန်ကာလအတွင်း နိုင်ငံစီးပွားရေးတိုးတက်စေဖို့ လှုံဆော်မှုအဖြစ် ထိုင်းပြည်သူတွေကို digital wallet အစီအစဉ်ကနေဘတ် ၁ဝဝဝဝ ပေးဝေသွားမယ်လို့ ပြောခဲ့ဖူးပါတယ်။ အဆိုပါ အစီအစဉ်အရအသက် ၁၆ နှစ်နဲ့အထက်ရှိတဲ့ ထိုင်းနိုင်ငံသားတိုင်းဟာ ဘတ် ၁ဝဝဝဝ ရရှိမှာဖြစ်ပြီး အဆိုပါ ငွေကြေးကို မှတ်ပုံတင်ထားတဲ့နေရာကနေ ၄ ကီလိုမီတာအတွင်းရှိ ဈေးဆိုင်များမှာ သုံးစွဲခွင့်ရရှိမှာဖြစ်ကြောင်း သိရပါတယ်။
အဆိုပါငွေကြေးကို ၆ လအတွင်း သုံးစွဲရမှာဖြစ်ပြီး ရှင်သန်နေထိုင်မှုအတွက် လိုအပ်တဲ့နေ့စဉ်သုံးပစ္စည်းများ ဝယ်ယူ နိုင်မှာဖြစ်ပါတယ်။ ထိုင်းရွေးကောက်ပွဲမှာ မဲအများဆုံးအနိုင်ရခဲ့တဲ့ ရှေ့သို့ချီပါတီဟာ ရွေးကောက်ပွဲမဲဆွယ်စည်းရုံး ချိန်ကာလအတွင်း ပုဒ်မ ၁၁၂ ကို ပြင်ဆင်ပြောင်းလဲမယ်လို့ ကတိပေးခဲ့ရာအထက်လွှတ်တော်ကိုယ်စားလှယ်များ အပြင် ထိုင်းကွန်ဆာဗေးတစ်အုပ်စုများ နဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ပြီး ရှေ့သို့ချီပါတီခေါင်းဆောင် ပီတလင်ဂျာရိုအမ် ရက်ကို ဝန်ကြီးချုပ်အဖြစ် အမည်စာရင်းတင်သွင်းချိန်မှာ ပယ်ချခံရကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အတိုက်အခံပါတီနဲ့ပတ်သက်နေခြင်းကြောင့်လို့ဆိုကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားရဲ့ ခိုလှုံခွင့်တောင်းခံခြင်းကို ကနေဒါ ပယ်ချ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း