ထိုင်းအစိုးရအသစ်ဖွဲ့စည်းရေးနှောင့်နှေးမယ်ဆိုရင် နိုင်ငံစီးပွားရေးနဲ့ပတ်သက်ပြီး သက်ရောက်မှုတွေရှိလာနိုင်ကြောင်း ဗဟိုဘဏ် သတိပေး
ဂျန်ဇက် (NSS) - ဩဂုတ် ၁
ထိုင်းအစိုးရအဖွဲ့အသစ်ဖွဲ့စည်းရေးဟာ နှောင့်နှေးမှုများ ဆက်လက်ဖြစ်ပွားနေမယ်ဆိုရင် ရင်းနှီးမြှုပ်နှံသူများရဲ့ ယုံကြည်မှု ကျဆင်းမှုများအပြင် နိုင်ငံစီးပွားရေးအတွက်အခက်အခဲများ ပိုမိုဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း ထိုင်းဗဟိုဘဏ်က သတိပေးပြောဆိုလိုက်ပါတယ်။
ထိုင်းနိုင်ငံရေးမတည်ငြိမ်မှုတွေဟာ နိုင်ငံစီးပွားရေးတိုးတက်ရေးနဲ့ပတ်သက်ပြီး ဘေးအန္တရာယ်ဖြစ်ဖွယ်ရှိနေတဲ့ အဓိကအကြောင်းအရင်းသုံးခုထဲက တစ်ခု အပါအဝင်ဖြစ်ကြောင်း ထိုင်းဗဟိုဘဏ် ဒုတိယအကြီးအကဲ Chayawadee Chai-anant က ပြောပါတယ်။
ထိုင်းအစိုးရအသစ်ဖွဲ့စည်းနိုင်ရေးဟာ ကာလအတန်ကြာနှောင့်နှေးနေမယ်ဆိုရင် အစိုးရအေဂျင်စီများ ဘတ်ဂျက် ရယူနိုင်မှုကို သက်ရောက်မှုများဖြစ်လာနိုင်ပြီး စီးပွားရေးအတွက် ဆိုးရွားတဲ့ အကျိုးဆက်များဖြစ်လာနိုင်ဖွယ်ရှိ နေကြောင်း သိရပါတယ်။
၎င်းက "နိုင်ငံ စီးပွားရေးတိုးတက်မှုတွေဟာ အစိုးရအသစ်ဖွဲ့စည်းနိုင်မှု အချိန်ဘယ်လောက်ကြာမလဲ ဆိုတဲ့အချက်အပေါ်မှာ မူတည်နေပါတယ်။ အစိုးရအသစ်ဖွဲ့စည်းနိုင်ရေးက ကာလအတန်ကြာနှောင့်နှေးမယ်ဆိုရင် ရင်းနှီးမြှုပ်နှံသူတွေရဲ့ယုံကြည်မှုတွေကို သက်ရောက်မှုတွေရှိလာနိုင်တယ်" လို့ ပြောပါတယ်။
ထိုင်းအစိုးရအသစ်ဖွဲ့စည်းရေးနဲ့ ဝန်ကြီးချုပ်အသစ်ရွေးချယ်ရေးကို ဇွန်လ ၁၃ ရက်တည်းက စတင်ခဲ့ပေမယ့် အငြင်းပွားမှုများကြောင့် လက်ရှိအချိန်အထိ ဖွဲ့စည်းနိုင်ခြင်းမရှိသေးပေမယ့် အစိုးရအသစ်ဖွဲ့စည်းရေး နှောင့်နှေး နေကြောင်း သိရပါတယ်။ ထိုင်းနိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှုများရှိနေပေမယ့် ထိုင်းနိုင်ငံကို လာရောက်တဲ့ ပြည်ပ ခရီးသွားအရေအတွက် မြင့်တက်နေဆဲဖြစ်ကြောင်း သိရပါတယ်။
ရွေးကောက်ပွဲမှာ မဲအများဆုံး အနိုင်ရခဲ့တဲ့ ရှေ့သို့ချီပါတီခေါင်းဆောင် ပီတလင်ဂျာရိုအမ်ရက်ကို ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခွင့် ငြင်းပယ်ခြင်းနဲ့ပတ်သက်ပြီး အငြင်းပွားနေခဲ့ကြောင်း သိရပါတယ်။ နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ထိုင်းနိုင်ငံမှာ ဇွန်လအတွင်း ဘတ်ငွေတန်ဖိုး ကျဆင်းခဲ့ကြောင်း သိရပါတယ်။ ရှေ့သို့ချီပါတီဟာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလအတွင်း တော်ဝင်ဘုရင်စနစ်ကို ဝေဖန်သူများအပေါ် ပြစ်ဒဏ်ပေးမယ့်ဥပဒေကို ပြင်ဆင်ပြောင်းလဲမယ်လို့ ကြွေးကြော်ခဲ့ပြီးနောက် ထိုင်းအထက်လွှတ်တော်ကိုယ်စားလှယ်များ နဲ့ ထိုင်းကွန်ဆာဗေးတစ် ပါတီများက ရှေ့သို့ချီပါတီက တင်သွင်းတဲ့ ဝန်ကြီးချုပ်လောင်းကို ဆန့်ကျင်ကန့်ကွက်မှုများ ရှိနေခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကမ္ဘာတဝန်းရှိ မြင့်မားသောအဆောက်အဦးများကို လိုက်လံတက်နေသည့် ပြင်သစ်နိုင်ငံသား အဆောက်အဦးအပေါ်မှ ပြုတ်ကျသေဆုံး
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း